Google ရဲ့ Gmail နှင့် Maps တို့တွင် Dark Mode ကိုအသုံးပြုလို့ရပြီ

Dark Mode ကြိုက်နှစ်သတ်သူတွေအတွက် သတင်းကောင်းလေးလာပါပြီ။ အောက်တိုဘာလ ၁၀ရက်နေ့ကစလို့ Google ရဲ့ လူသုံးများတဲ့ ဝန်ဆောင်မှုများဖြစ်တဲ့ Gmail နှင့် Maps တို့ကို Android နှင့် IOS ဖုန်းများတွင် Dark Mode ဖြင့် အသုံးပြုလို့ရပြီဖြစ်ကြောင်း Google က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မိမိဖုန်းဟာ Android ဆိုလျှင် Android 10 နှင့် အထက်ရှိရမှာဖြစ်ပြီး IOS ဆိုရင်တော့ IOS 11 နှင့် အထက် ရှိဖို့ လို အပ်မှာဖြစ်ကြောင်း သိရပါတယ်။ Gmail ရဲ့ နောက်ဆုံး Update တွင် Dark Mode ကိုထည့်သွင်းပေးလိုက်ပြီဖြစ်တာကြောင့် Android 10 နှင့် အ… Continue reading Google ရဲ့ Gmail နှင့် Maps တို့တွင် Dark Mode ကိုအသုံးပြုလို့ရပြီ

Boston Dynamics ကုမ္ပဏီရဲ့ Spot စက်ရုပ်ကို လုပ်ငန်းခွင်တွင် တရားဝင်အသုံးပြုခွင့်ရပြီ

ဇွန်လတုန်းက Boston Dynamics ကုမ္ပဏီက မိန့်ဆက်ပေးခဲ့သော Spot လို့ခေါ်တဲ့ စက်ရုပ်ကို ယခုအချိန်မှာ မိမိရဲ့ လုပ်ငန်းများတွင် တရားဝင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ သို့သော် အပြင်သို့ထုတ်ရောင်းမှာမဟုတ်ဘဲ မိမိရဲ့ လုပ်ငန်းကို Boston Dynamics သို့တင်ပြပြီး Boston Dynamics ကုမ္ပဏီက စီစစ်ကာ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါ တယ်။ Boston Dynamics ကုမ္ပဏီ၏ ပြောပြချက်အရ သူတို့ရဲ့ စက်ရုပ်တွေဟာ အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ရန်အတွက် သီးသန့်ထုတ်လုပ်တဲ့ စက်ရုပ်တွေဖြစ်ပြီး Spot ကိုတော့ လူသားတွေ အကျိုးအတွက်ထုတ်လုပ် ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Spot မှာ ကင်မရာပါပြီး အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ဟန်ချက်ညီ အောင် ထိန်းနိုင်ခြင်းပဲဖြစ်ပါတယ်။ Spot များကို လူတွေအတွက် အန္တာရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ… Continue reading Boston Dynamics ကုမ္ပဏီရဲ့ Spot စက်ရုပ်ကို လုပ်ငန်းခွင်တွင် တရားဝင်အသုံးပြုခွင့်ရပြီ

Slack ကို Dark Mode ဖြင့် မည်သည့် Device မှာမဆို အသုံးပြုလို့ရပြီ

လုပ်ငန်းရှင်အများစုအသုံးပြုတဲ့ workplace chat app တစ်ခုဖြစ်တဲ့ Slack က IOS, AndroidOS, MacOS, Windows OS နှင့် Linux OS အစရှိတဲ့ Device နဲ့ OS ကို အသုံးပြုတဲ့လူတွေအားလုံးအတွက် Dark Mode လေးကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ Slack ရဲ့ Product Manager ဖြစ်တဲ့ George Zamfir က Dark Mode ကိုထည့်သွင်းပေးရတဲ့ ရည်ရွယ် ချက်က တော့ အမှောင်ထဲမှာ သို့မဟုတ် ညဘက်မှာ အသုံးပြုကြတဲ့လူတွေအတွက် မျက်စိအာရုံကြောကို မထိခိုက်စေရန် အတွက် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ Slack ကို Dark Mode အဖြစ်ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်တော့ Slack Setting… Continue reading Slack ကို Dark Mode ဖြင့် မည်သည့် Device မှာမဆို အသုံးပြုလို့ရပြီ

Apple Music ကို Browser တွင် အသုံးပြုလို့ရပြီ

MacOS နဲ့ IOS အသစ်ထွက်ရှိပြီးနောက်မှာ Apple Music ဟာ Apple အသုံးပြုသူတွေထံမှ နှုတ်ဆက် သွားခဲ့ ရတာဖြစ်ပါတယ်။ သို့သော် ယခုအခါမှာတော့ Apple အသုံးပြုသူတွေသာမဟုတ်ပဲ အခြားသော OS များကို အသုံပြုတဲ့ သူတွေပါ Apple Music ကို အသုံးပြုခွင့်ရမယ့် အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ macOS, Windows, Chrome OS, iOS နဲ့ Android အစရှိတဲ့ platforms မျိုးစုံတွင် Web Browser မှတစ်ဆင့် Apple Music ကို အသုံးပြုလို့ ရပြီဖြစ်ပါတယ်။ သို့သော် အရင် Apple Devices များတွင် အ သုံးပြုခဲ့ရတဲ့ အရသာအပြည့်အစုံကိုတော့ ခံစားရတော့မှာ မဟုတ်ပေမယ့်… Continue reading Apple Music ကို Browser တွင် အသုံးပြုလို့ရပြီ

Facebook က Dating Feature အသစ်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် အသုံးပြုခွင့်ပေးလိုက်ပြီ

ပြီးခဲ့တဲ့ နှစ်က Facebook မှ စတင်မိတ်ဆက်ခဲ့တဲ့ Dating Feature ကို စက်တင်ဘာလ (၅)ရက် ကြာသပတေး နေ့က အမေရိကန်မှာရှိတဲ့ Facebook အသုံးပြုသူတွေကို အသုံးပြုခွင့်ပေးလိုက်ပြီးဖြစ်ပါတယ်။ Dating Feature ကို အသက် (၁၈)နှစ်ပြည့်သော Facebook အသုံးပြုသူများအနေနဲ့ ဖုန်းရဲ့ အပေါ်ဆုံးမှာရှိတဲ့ Feature Bar တွင် Dating Feature အသစ်ထွက်ပေါ် လာမှာဖြစ်ပါတယ်။ ထို Feature ကို အသုံးပြုချင်ရင် လျှောက်ထားနိုင်သလို မသုံးချင်လျှင်လည်း ပိတ်ထားလို့ရပါတယ်။ လက်ရှိမှာ Facebook မဟုတ်တဲ့ အခြားသော Dating App တွေလည်း အများအပြားရှိပါတယ်။ သို့သော် အသုံး ပြုသူတွေက အခြားသော Dating App တွေကိုအသုံးပြုရတာ အဆင်မပြေဖြစ်နေတဲ့အတွက်… Continue reading Facebook က Dating Feature အသစ်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် အသုံးပြုခွင့်ပေးလိုက်ပြီ

Google က အသစ်ထွက်ရှိမည့် Android OS အမည်ကို ပြောင်းလဲတော့မည်

ဩဂုတ်လ ၂၂ရက်နေ့တွင် Google က နောက်ထွက်မယ့် Android Q နဲ့ ပတ်သက်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အရင်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Google ရဲ့ နောက်ထွက်မယ့် Android OS နာမည်က Q နဲ့စမည်ဆိုတာ အားလုံးသိထားကြပြီးဖြစ်ပါတယ်။ သို့သော် အမှန်တကယ် Google ကမိတ်ဆက်လိုက်တဲ့ အခါမှာတော့ Android Q မဟုတ်တော့ပဲ Android 10 ဆိုပြီး ထွက်လာမှာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။ Google ဟာ Android OS ရဲ့နာမည်ကို အချိုပွဲမှာသုံးတဲ့ အသုံးအနှုန်းတွေကို အသုံးပြုလာခဲ့တာ နှစ်အတော် ကြာ ခဲ့ပြီးဖြစ်ပါတယ်။သို့သော် ယခုနောက်ဆုံးထွက်မယ့် OS ကိုတော့ အချိုပွဲအမျိုးအမည်တွေကို မသုံးတော့ပဲ နံပါတ်အသွင် ကို ပြောင်းလဲလိုက်ပြီးဖြစ်တဲ့အပြင် နောက်ထပ်ထွက်ရှိမယ့်… Continue reading Google က အသစ်ထွက်ရှိမည့် Android OS အမည်ကို ပြောင်းလဲတော့မည်

လုံခြုံရေး စက်ရုပ်များကို အမှန်တကယ်အသုံးပြုလာတဲ့ အမေရိကန်

ကနေဒါနိုင်ငံHayward မြို့တွင် Knightscope ကုမ္ပဏီနှင့် Cobalt ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော လုံခြုံရေး စက်ရုပ်များကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဩဂုတ်လအစပိုင်းက Knightscope ရဲ့ လုံခြုံရေးစက်ရုပ်မှ မသင်္ကာသူ တစ်ဦးရဲ့ ရုပ်ပုံနှင့် Video ကို ရိုက်ကူးပေးခဲ့ကြောင်း Knightscope ကုမ္ပဏီ၏ပြောပြချက်အရသိရပါတယ်။ Knightscope ရဲ့ စက်ရုပ်ဟာ ၃၉၈ပေါင်လေးပြီး လက်ရှိ အမေရိကန်နိုင်ငံ ပြည်နယ်၁၅ ခုလောက်မှာ Knightscope ရဲ့လုံခြုံရေးစက်ရုပ်ပေါင်း(၇၅)ရုပ်အထိ အသုံးပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။ ထို့ကြောင့် လုံခြုံရေးလုပ်သားများ အတွက် လူဆိုးများကို ဖမ်းဖို့ မိုပိုလွယ်ကူစေမှာဖြစ်တဲ့အပြင် ကုမ္ပဏီများအနေနဲ့လည်း လုံခြုံရေး ဝန်ထမ်းငှား ရမ်းခြင်း ကို လျော့ချလာနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ လုံခြုံရေးစက်ရုပ်များက သံသယရှိသူများကို ဓာတ်ပုံရိုက်နိုင်ခြင်း၊ Video ရိုက်နိုင်ခြင်း၊ ကလေးများရှိရင် အလိုအလျှောက် ရှောင်ပေးနိုင်ခြင်း အစရှိသည်တို့ကို… Continue reading လုံခြုံရေး စက်ရုပ်များကို အမှန်တကယ်အသုံးပြုလာတဲ့ အမေရိကန်

ဆွီဒင်အခြေစိုက် နည်းပညာဝန်ဆောင်မှု ကုမ္ပဏီSpotify က မိဘတွေစိတ်ချမ်းသာအောင် ကူညီပေးလိုက်ပြီ

သီချင်းများနှင့် ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသော ဆွီဒင်အခြေစိုက်Spotify ဟာ ဩဂုတ်လ ၁၉ရက် တနင်္လာ နေ့က သူတို့ရဲ့ App ထဲမှာ Premium Family Plan ကို ထည့်သွင်းပေးလိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြစ် မိဘအုပ်ထိန်းသူများက မိမိရဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်များရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်း နိုင်ဖို့အတွက် အရမ်းကိုအဆင်ပြေသွားစေတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူငယ်တိုင်းဟာ အင်တာနက် ကိုအသုံးပြုလာကြပြီး အင်တာနက်ပေါ်မှအရာတွေကို အတုယူလာတာ ကြောင့် အလွယ်တကူပျက်စီးလာကြပါတယ်။ ထို့သို့မဖြစ်စေရန်အတွက် Spotify က မိဘများအနေဖြစ် မိမိရဲ့ ကလေး ငယ်များကို မကြားစေချင်တဲ့ ညစ်ညမ်းတဲ့စကားလုံးများ ကြမ်းတမ်းတဲ့စကားလုံးများ ပါဝင်တဲ့သီချင်းတွေကို ကလေး များက ဖွင့်ကြည့်မိမယ်ဆိုရင် အလိုအလျှောက်ပိတ်လိုက်တဲ့ ဝန်ဆောင်မှုလေးပဲဖြစ်ပါတယ်။ ထို့ကြောင့် ကလေး များ… Continue reading ဆွီဒင်အခြေစိုက် နည်းပညာဝန်ဆောင်မှု ကုမ္ပဏီSpotify က မိဘတွေစိတ်ချမ်းသာအောင် ကူညီပေးလိုက်ပြီ

Runkeeper က Apple Devices အတွက် ထုတ်လုပ်ပေးထားသော Wear OS App ကို မကြာခင်ရပ်နားတော့မည်

အားကစားသမားတွေ အဓိကအသုံးပြုတဲ့ Smart Watch တွေမှာ အသုံးပြုတဲ့ GPS စနစ်ကိုအခြေခံထားတဲ့ လမ်း လျှောက်ခြင်း၊ ပြေးခြင်းအစရှိတဲ့ လှုပ်ရှားမှုတွေကို တွက်ချက်ပေးတဲ့ App ကို ထုတ်လုပ်ပေးတဲ့ Runkeeper က သူတို့ရဲ့ Ware OS App ကို မကြာခင် သီတင်းပတ်အတွင်းမှာ ရပ်နားတော့မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ Runkeeper ဟာ သူတို့ရဲ့ App ကို Android ရော IOS အသုံးပြုသူတွေပါ အဆင်ပြေစေရန် ထုတ်လုပ် ပေးထား ပါတယ်။ သို့သော်သူတို့ရဲ့ ကုမ္ပဏီဟာ သေးငယ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် အသုံးပြုသူများကို ဒီထက်မက အဆင် ပြေစေရန်အတွက် အသုံးစရိတ်များကို ထပ်တိုးမပေးနိုင်သေးတာကြောင့် အသုံးပြုမှုနည်းသော Ware OS ကို ရပ်နား တော့မှာဖြစ်ပါတယ်။… Continue reading Runkeeper က Apple Devices အတွက် ထုတ်လုပ်ပေးထားသော Wear OS App ကို မကြာခင်ရပ်နားတော့မည်

Samsung က Galaxy Note 10 နှင့် Note 10 Plus မိတ်ဆက်ပွဲ ကျင်းပ

ဩဂုတ်လ (၇)ရက် ဗုဒ္ဓဟူးနေ့ ညတွင် Samsung ကုမ္ပဏီမှ Galaxy Note 10 ဖုန်းမိတ်ဆက်ပွဲကို ကျင်းပပြု  လုပ်ခဲ့ပါတယ်။ ထိုပွဲတွင် Samsung ရဲ့ အသစ်ထုတ်ကုန် (၇)မျိုးဖြစ်တဲ့ Galaxy Note 10 နှင့် Note 10 Plus၊ အဆင့်မြှင့်ထားတဲ့ S Pen၊ နောက်ထပ်ထွက်ရှိလာမယ့် Note 10 5G၊ Samsung ရဲ့ Note ဖုန်းများကို Computer ဖြင့် ချိတ်ဆက်၍အသုံးပြုလို့ရတဲ့ DEX အကြောင်း၊ Galaxy Book S Laptop၊ Under Armour Edition Galaxy Watch Active 2 နှင့် Sustainable Development Goals… Continue reading Samsung က Galaxy Note 10 နှင့် Note 10 Plus မိတ်ဆက်ပွဲ ကျင်းပ