သင့်အိမ်က ခွေးတွေကြောင်တွေကို မျက်ခြေမပြတ်စောင့်ကြည့်လို့ရပြီး သူတို့နဲ့ကစားလို့ရမယ့် ကုဗတုံး

သင်အပြင်ရောက်နေချိန်မှာ ကြောင်တွေရဲ့ တစ်ကယ့်လှုပ်ရှားမှု အစစ်အမှန်က ဘယ်လိုမျိုးလဲဆိုတာသိချင်ရင်တော့ သူတို့ရဲ့လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားမယ့် ကုဗတုံးကင်မရာက အသုံးဝင်ပါလိမ့်မည်။ ကိုယ့်ကြောင်လေး အိမ်မှာတစ် ကိုယ်တည်းကျန်ခဲ့လို့ သူ့အတွက်စိတ်မချဖြစ်ပြီး သူ့ကိုစောင့်ရှောက်ဖို့အချိန်ပေးရမယ်လို့ စိတ်ထဲမှာဖြစ်နေပါသလား။ ကံကောင်းစွာနဲ့ပဲ အချို့သောနည်းပညာကို နားလည်တဲ့ တိရိစ္ဆာန်ချစ်သူတွေက သင့်ရဲ့ အချစ်တော် တိရိစ္ဆာန်တွေနဲ့ မျက်ခြေမပြတ်နေစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကို ရှာတွေ့ထားပါတယ်။ အဲ့ဒီအရာက သင်အိမ်မှာမရှိရင်တောင် သူတို့နဲ့ သင်ရှိနေသလိုမျိုးခံစားမှုမျိုးကိုပေးပါလိမ့်မည်။ ဒီအိမ်မွေးတိရိစ္ဆာန်တွေအတွက် ကုဗတုံးက သင်နဲ့ သင့် ခွေး၊ကြောင် လေးတွေအတွက် အရမ်းကိုအသုံးတည့်ပါလိမ့်မယ်။ ဒီပစ္စည်းက ကင်မရာပါဝင်ပြီး သင့်ရဲ့ ချစ်စရာအိမ်မွေး တိရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုကို မှတ်တမ်းတင်ထားပြီး သင်အလုပ်မှာရှိနေတယ်ဆိုရင်တောင် ကြည့်ရှုနိုင်ပါတယ်။ ညဘက်ဆိုရင် လည်း night- vision ဖွင့်ထားပြီး သူတို့ရဲ့… Continue reading သင့်အိမ်က ခွေးတွေကြောင်တွေကို မျက်ခြေမပြတ်စောင့်ကြည့်လို့ရပြီး သူတို့နဲ့ကစားလို့ရမယ့် ကုဗတုံး

Published
Categorized as Gadgets, Tech

သင့်ရဲ့ ဆယ်ဖီအစွမ်းတွေကို အပြည့်အ၀ဖော်ထုတ်ခွင့်ရမယ့် ကင်မရာ

သင့်မှာအရမ်းကိုဆွဲဆောင်ဖွယ်ကောင်းတဲ့ ပုံတွေကို ပုံမှန်ရိုက်နေကြပုံစံအတိုင်းရိုက်ရင်တော့ ထူးခြားတဲ့ ပုံတွေအများကြီး ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွနုပ်ရဲရဲကြီးအာမခံပါတယ်။ ဘ၀မှာ ပုံရိပ်ပေါင်းများစွာနဲ့ ပြည့်နှက်နေပြီး ဒီပုံရိပ်တွေအားလုံးကို ဖမ်းယူထားနိုင်ဖို့ဆိုတာ အရမ်းကိုမလွယ်ကူတဲ့ကိစ္စပါ။ သေချာတာတစ်ခုကတော့ နိုင်ငံခြားသားတွေလိုမျိုး ဆယ်ဖီစတစ်ကို သုံးပြီး လျှပ်တစ်ပြက်ပုံရိပ်တွေကို ရိုက်ယူကောင်းရိုက်ယူနိုင်ပါတယ်။ ဒီလိုရိုက်ယူနိုင်တယ်ဆိုပေမယ့်လည်း နာမည်ကျော်တွေလိုမျိုး ရှုထောင့်ပေါင်းစုံကနေ သင်ရိုက်ယူနိုင်မှာတော့မဟုတ်ပါဘူး။ နာမည်ကြီးတဲ့သူတွေတွေလိုမျိုး မိမိဓါတ်ပုံကို ရှုထောင့်ပေါင်းစုံကနေ ရိုက်ယူချင်တယ်ဆိုရင်တော့ Poki Action Cam လိုမျိုး မိမိကြိုက်နှစ်သက်တဲ့ နေရာမှာ ကပ်ထားနိုင်ပြီး အမိုက်စားပုံရိပ်တွေကို ဖမ်းယူပေးနိုင်မယ့် ဒီလို ကင်မရာတစ်လုံးတော့ လိုအပ်မှာပဲဖြစ်ပါတယ်။ Poki Cam လို့ခေါ်ပေမယ့် Pokemon တော့မဟုတ်ပါဘူး။ ဒီကင်မရာကို မိမိကြိုက်နှစ်သက်တဲ့မည်သည့်နေရာမှာမဆို အလွယ်တကူ ကပ်ထားလို့ရပါတယ်။ ဒီကင်မရာကို ၁၂၀ ဒီဂရီရှိတဲ့ ထောင့်ကျယ် မှန်ဘီလူးထည့်ထားပြီး ရုပ်ထွက်ကောင်းမွန်အောင်… Continue reading သင့်ရဲ့ ဆယ်ဖီအစွမ်းတွေကို အပြည့်အ၀ဖော်ထုတ်ခွင့်ရမယ့် ကင်မရာ

Published
Categorized as Gadgets, Tech

ကမ္ဘာလှည့်ခရီးသွားတွေ မရှိမဖြစ်ဆောင်ထားရမယ့် ကိရိယာက ဘာဖြစ်မလဲ

နိုင်ငံတကာကို ခရီးသွားရတာ ပျော်စရာကောင်းပါတယ်။ နေရာသစ်တွေကို တွေ့ ရတယ်။ အစားအသောက် ကောင်းတွေ စားရတယ်။ ပြီးတော့ “ရေချိုးခန်း ဘယ်မှာ ရှိလဲ”ဆိုတာကို ဘာသာပေါင်း စုံ နဲ့ လေ့လာရတယ်။ ဒါပေမယ့် သင့် ကို ဒုက္ခ ပေးမယ့် အရာတစ်ခု ကတော့ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ သင့် အီလက်ထရောနစ် ပစ္စည်း တွေကို အန္တရာယ်ကင်း စွာ အားသွင်းဖို့ ပါ။ အားသွင်း တဲ့ ပစ္စည်း ကိရိယာ မျိုးစုံ ကမ္ဘာနဲ့ အ၀ှမ်းမှာ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်က အားသွင်း ကြိုး က ဥရောပ ရဲ့ အခန်းနံရံ မှာ အားသွင်း လို့ မရပါဘူး။ ထို့… Continue reading ကမ္ဘာလှည့်ခရီးသွားတွေ မရှိမဖြစ်ဆောင်ထားရမယ့် ကိရိယာက ဘာဖြစ်မလဲ

iPod nano နှင့် Shuffle ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း

ယနေ့အချိန်ကတော့ iPod Nano နှင့် Shuffle တို့အတွက် ၀မ်းနည်းစရာဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ Apple က iPod nano နှင့် Shuffle ထုတ်လုပ်မှုတွေကို ရပ်စဲလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ် လောက် က iPod Classic လိုမျိုး ဖြစ်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ iPod nano နှင့် Shuffle တို့ကို apple ရဲ့ တရားဝင် ၀က်ဆိုက်ကနေပါ ဖယ်ထုတ် လိုက်ပြီဖြစ် ပါတယ်။ ထိုအစား iPod Touch ကို Storage နှစ်ဆ ထည့်သွင်းကာ ဆက်လက်ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အချိန်မှာ Apple Music Player သီးသန့်ကို ၀ယ်ချင်တယ်ဆိုရင်တော့… Continue reading iPod nano နှင့် Shuffle ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း