ဗီယက်နမ်က ပထမဆုံးစမတ်ဖုန်း Vsmart ကို ဒီဇင်္ဘာ ၁၄ မှာ စတင်မိတ်ဆက်တော့မယ်

ရွှေတွေလို့ ကိုယ့်ကိုယ်ကို တင်စားခေါ်ဝေါ်နေကြတဲ့ ကိုယ်ရွှေမြန်မာတွေ အများစုအတွက် ကိုရီးယားတံဆိပ်ကနေ တရုတ်တံဆိပ် စမတ်ဖုန်းတွေအပြင် မကြာခင်ကာလမှာ နောက်ထပ် လက်ဆော့စရာ၊အချိန်ဖြုန်းစရာတစ်ခုအပြင် ကိုယ်နဲ့ မကွာ တွယ်တာခုံမင်ရမယ့် စမတ်ဖုန်းသစ်တစ်မျိုးကို ဗီယက်နမ်တွေကပါ စတင်မိတ်ဆက်ပါတော့မယ်။ ကိုယ်ရွှေမြန်မာတွေအတွက် မနက်မိုးလင်းကနေမိုးချုပ်ထိ မီးဖိုချောင်ထဲက ငံပြာရည်လေးကအစ ဝယ်လိုက်တဲ့ အသုံး အဆောင်တွေထဲမှာ Made In Myanmar က နည်းလေတော့ သုံးလိုက်တဲ့ ငွေကြေးတွေအများစုဟာလည်း အိမ်နီး ချင်းတွေဆီပဲ ရောက်သွားတော့တာကြာခဲ့ပြီမို့ ကျင့်သားတော့ရနေကြပါပြီ။ ဟော အခုတစ်ခါ စီးပွားရေးတိုးတက်မှု မြန်ဆန်လွန်းလှတဲ့ ဗီယက်နမ်ကလည်း သူ့ရဲ့ စမတ်ဖုန်းသစ် Vsmart နဲ့ ကိုရွှေမြန်မာတွေရဲ့ အိပ်ကပ်ထဲက ရှိစုမဲ့စု ငွေစလေးတွေကိုချွေမျှယူဖို့အစီအစဉ်ကိုစလိုက်ပြန်ပါပြီ။ Vsmart ပိုင်ရှင် Vingroup Vsmart ဟာ ဗီယက်နမ်ရဲ့ ပထမဆုံးသောစမတ်ဖုန်းဖြစ်ပြီး… Continue reading ဗီယက်နမ်က ပထမဆုံးစမတ်ဖုန်း Vsmart ကို ဒီဇင်္ဘာ ၁၄ မှာ စတင်မိတ်ဆက်တော့မယ်

iPhone X ကိုဖွင့် ဖို့ မျက်နှာ တစ်ခုတည်း သုံးလို့ရပေမယ့် သူ့မှာ အကြောင်းပြချက်တော့ရှိပါတယ်

သဘာဝအရကျွန်တော်တို့လူသားတွေ ဟာ လက်ဆယ်ချောင်းရိှိကြပြီး ပုံမှန်အားဖြင့် ဖုန်းဖွင့်ဖို့ အတွက် လက်ဗွေရာအနည်းဆုံး ငါး ချောင်းအထိ အသုံးပြုလို့ရပါတယ်။ ဘိုင်အိုမက်ထရစ် နည်းပညာ ဖွံ့ဖြိုးလာပေမယ့် iPhone X ကိုဖွင့်ဖို့အတွက်  တစ်ခါမှာ လူ့မျက်နှာ တစ်ယောက်ကိုသာ အသုံးပြုလို့ရတာကြောင့် နည်းနည်းတော့ လက်ပေါက်ကပ်တယ်လို့ ဆိုရမှာပါ။ မျက်နှာ ID ကို သုံးပြီး ဖုန်းကိုဖွင့်တဲ့ စနစ်ဟာ iPhone X ရဲ့ ပထမဆုံး ထုတ်ကုန်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ မျက်နှာကို စကမ် ဖတ်လို့ရပါတယ်။ သင့်မျက်နှာနဲ့ ဖုန်းကို ဖွင့်လို့ရမယ်။ Apple ငွေပေးလွှဲပြောင်းမှုတွေ လုပ်ဆောင်လို့ရမယ်။ iPhone X ရဲ့ထိပ်မှာ လူတွေရဲ့မျက်နှာကို ဖမ်းလို့ရမယ့် 3D ပုံရိပ်ဖမ်းစနစ်ကို အသုံးပြုထားပြီး သင့်မျက်နှာ အစိတ်အပိုင်းအားလုံးကို ဖမ်းယူနိုင်အောင်လုပ်ဆောင်ထားပါတယ်။… Continue reading iPhone X ကိုဖွင့် ဖို့ မျက်နှာ တစ်ခုတည်း သုံးလို့ရပေမယ့် သူ့မှာ အကြောင်းပြချက်တော့ရှိပါတယ်

Verizon မှာ ကိုယ့်ရဲ့ ယခင် Iphone နဲ့ အလဲအလှယ်လုပ်ရင်း ဒေါ်လာ ၃၀၀ သက်သာစွာနဲ့ Iphone 8 ကို ရယူလိုက်ပါ။

Apple ချစ်သူတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေက အသစ်ထွက်လာတဲ့ Iphone အတွက် ပိုက်ဆံအများကြီးပေးဝယ်ချင်နေကြမှာတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမြောက်အများ ပိုက်ဆံ ကုန်ကျမယ့်အစား သက်သာကြေးတွေရှိတယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒီအတွက် ခင်ဗျားတို့ ကျွန်တော်တို့အတွက် အစီအစဉ်ရှိပါတယ်။ တစ်ကယ်လို့ သင်ရဲ့ အရင် Iphone နဲ့ Verizon မှာ အလဲအလှယ်လုပ်မယ်ဆိုရင် Iphone 8 ကိုဝယ်ဖို့ ဒေါ်လာ ၃၀၀ သက်သာမှာဖြစ်ပါတယ်။ ဒီအတွက် ရက်ကိုတော့ ကန့်သတ်ထားပါတယ်။ ဒီအခွင့်အရေးကိုတော့  စက်တင်ဘာ ၃၀ အထိပဲ ပေးထားပါတယ်။ သင်လည်း ဒါကိုသိထားပြီးသားဖြစ်မှာပါ။ ရက် အကန့်အသတ်တွေ အတွက် Verizon က ကြီးမားတဲ့အခွင့်အရေးကို သင့်အတွက် လမ်းဖွင့်ပေးထားပြီး သင့်ရဲ့ FOMO စရိတ်ကိုသက်သာစေမှာပါ။ Iphone 8… Continue reading Verizon မှာ ကိုယ့်ရဲ့ ယခင် Iphone နဲ့ အလဲအလှယ်လုပ်ရင်း ဒေါ်လာ ၃၀၀ သက်သာစွာနဲ့ Iphone 8 ကို ရယူလိုက်ပါ။

iphone 8 ကို စက်တင်ဘာလအတွင်းတွင် မိတ်ဆက်ဖွယ်ရှိ

Iphone 8 ကိုမိတ်ဆက်မယ့် ပွဲ ဟာများမကြာခင်မှာ ဖြစ်တော့မယ်ဆိုတာကို ခန့်မှန်း ရပါတယ်။ နွေရာသီ ရောက်ဖို့  နီးကပ်လာပြီးတော့ နည်းပညာ ကမ္ဘာကြီး ဟာ အရင်ကထက်စာ ရင်နှစ်ထောင်း အားရဖွယ်ဖြစ်လာပါတယ်။ ဒါကြောင့် ဒီလာမယ့် ရာသီမှာ ထွက်ရှိလာမယ့် အကောင်းဆုံးကုန်ပစ္စည်းအတွက် ကျွန်တော်တို့ မှာ အကြံတွေ ရှိကောင်းရှိနေနိုင်ပြီး ဒီ Iphone 8 ကို Apple ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြင်ရဖွယ်ရှိနေပါတယ်။ Apple ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပွဲ က စက်တင်ဘာ ၁၂ ရက်နေ့ဖြစ်ပြီး ဒီပြောကြားချက်က 9to5Mac က စစ်ဆေးထားတဲ့ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ အစီရင်ခံစာဖြစ်တဲ့ Mac4Ever ရဲ့ ထုတ်ပြန်ချက်ဖြစ် ပါတယ်။ ဒီထုတ်ပြန်ချက်တွေဟာ… Continue reading iphone 8 ကို စက်တင်ဘာလအတွင်းတွင် မိတ်ဆက်ဖွယ်ရှိ

Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထား

တရုတ်နိုင်ငံရဲ့ စမက်ဖုန်းထုတ်လုပ်ရောင်းချသူဖြစ်သော Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ Huawei အပေါ်မှာရှိတဲ့ Apple နဲ့ Samsung ကို ဖြတ်ကျော်ဖို့အတွက် ကြိုးစားနေသလို အနာဂတ်ဈေးကွက်ဝေစုတွေကို လည်း ရယူနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Huawei ရဲ့ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်းမှာ စမက်ဖုန်းအလုံးရေ ၃၈.၄ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ အရေအတွက်က လွန်ခဲ့သော ၂၀၁၆ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်ထက် ၂၀ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင်တော့ တူညီတဲ့ အချိန်မှာပဲ Apple ကတော့ ၄၁ သန်းကျော်ရောင်းချခဲ့ ရပြီး ၂၀၁၆ အဲဒီအချိန်တုန်းက အလုံးရေ ၄၀.၄ သန်းကျော်ရောင်းချခဲ့ရလို့… Continue reading Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထား

Samsung Galaxy Note 8 ကို မကြာခင် ကြိုတင်မှာယူနိုင်တော့မည်

Samsung က Galaxy Note 8 ကို သူ့ရဲ့ တွေ့ ဆုံပွဲ အတောအတွင်း  သြဂုတ် ၂၃ မှာ ထုတ်ဖော်ပြသဖို့ ရှိတယ်လို့ ကြေငြာထားပါတယ်။ ဒါကြောင့် သမိုင်းမှာ နာမည်မရခဲ့တဲ့ ဖုန်းတွေနေရာမှာ နောက်ထပ် အောင်မြင်မှုတွေ ဆက်ခံ လာမယ့် ပစ္စည်းအသစ်ကို တစ်ချက်ကလေး ငဲ့ကြည့် ရမယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ဝယ် ပိုင်ဆိုင်ရဖို့ ဘယ်အချိန်မှာ မှာယူရမယ်ဆိုတာကို အခုထိမသိသေးပါဘူး။ ဒီရက်က သတိမထားမိဘဲ Samsung က သူဆွဲထားတဲ့ အချိန်ဇယား အရ အမှတ်မထင် ပြောလိုက်မိတာဖြစ်ပါတယ်။ သြစတေးလျ ကုမ္ပဏီ ရဲ့ ၀က်ဆိုဒ်တစ်ခုမှာ  Note 8 ရဲ့ မျက်နှာပြင် အစားထိုးမှု ကို… Continue reading Samsung Galaxy Note 8 ကို မကြာခင် ကြိုတင်မှာယူနိုင်တော့မည်

notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား

iPhone 8 ဟာ ဒီနေ့အချိန်မှာတော့ ပွဲထွက်နိုင်ဖို့အတွက် မြန်မြန်ဆန်ဆန်နဲ့ နီးကပ် လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစ်ချို့အကြောင်းအရာတွေကတော့ ဆွေးနွေးငြင်း ခုံကြတုန်းပဲ ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် Touch ID ကို ဘယ်နားမှာ ထားမှာ လည်းဆိုတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Apple ရဲ့ iPhone 10 နှစ်ပြည့်ဖုန်းမှာ ပါဝင်မယ့် မေးခွန်း တစ်ချို့ ဟာလည်း ထပ်မံရှိနေသေး ပါတယ်။ Forbes နှင့် ဈေးကြီးတဲ့ ကာဗာတွေကို ထုတ်လုပ်တဲ့ နက်နက်ရှိုင်းရှိုင်း သိနေတာတစ်ခုကတော့ iPhone 8 ဟာ ပိုပြီး ပြီးပြည့်စုံတဲ့ အလား အလာရှိမယ်လို့ဆိုပါတယ်။ ဖုန်းမှာပါဝင်မယ့် Bezels ကတော့ ၄ မီလီမီတာသာ… Continue reading notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား

အမေရိကတွင် Apple အနေဖြင့် ကြီးမားသော စက်ရုံ သုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထရန့် ပြောကြား

Apple အနေဖြင့် Apple ထုတ်ကုန်တွေကို ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အမေရိကတွင် စက်ရုံသုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က Wall Street Journal နှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်ပါတယ်။ Apple CEO ဖြစ်သူ Tim Cook ကို သူ့အနေဖြင့် ခေါ်ယူပြီး အမေရိကတွင် ကြီးမားသော စက်ရုံသုံးရုံ တည်ဆောက်ဖို့ရန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အသေး စိတ်တွေ မသိနိုင်သေးပါဘူး။ Apple အနေဖြင့်လည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဂျာနယ်ကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဘယ်လိုတုန့်ပြန်ပြောဆိုမှုများကိုမှလည်း မပြုလုပ်ခဲ့ပါဘူး။ တကယ်လို့ အဆိုပါသတင်းသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် Apple အနေဖြင့် ကြီးကြီးမားမားနဲ့… Continue reading အမေရိကတွင် Apple အနေဖြင့် ကြီးမားသော စက်ရုံ သုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထရန့် ပြောကြား

iPhone 8 ဟာ ထုးခြားဆန်းကြယ်မှုတွေကို သယ်ဆောင်လာမှာလား

ယခုနှစ်မှာ မိတ်ဆက်မယ်လို့မျှော်လင့်နေကြတဲ့ iPhone အသစ်ဟာ ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ ဒီဇိုင်းပိုင်းအပြင်အဆင်ကအစ ပြောင်းလဲလာလိမ့်မယ်လို့ထင်ကြေးတွေ ရှိနေပါတယ်။ ထိုအတူ Apple အနေဖြင့်လည်း အဆိုပါ iPhone အသစ်ရောင်းချမှုကနေ ကုမ္ပဏီကို ၁ ထွီလီယံ (သန်းပေါင်း ၁ သောင်း)ကျော် တန်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်။ ဒါပေမယ့် မေးခွန်းတစ်ခုကတော့ အသစ်ထွက်လာမယ့် iPhone 8 သို့မဟုတ် iPhone Pro ဟာ ဘယ်တော့ စတင်ရောင်းချနိုင်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Apple အနေဖြင့် iPhone အသစ်တွေကို စက်တင်ဘာလထဲမှာပဲ စတင် ရောင်းချ လေ့ရှိပါတယ်။ ဆိုလိုတာကတော့ လာမည့် ရက်အနည်းငယ်အတွင်းမှာပဲ တတိယသုံးလ ပတ် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ လေ့လာသူတွေရဲ့… Continue reading iPhone 8 ဟာ ထုးခြားဆန်းကြယ်မှုတွေကို သယ်ဆောင်လာမှာလား

iPhone 9 အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်တဲ့ Apple

iPhone 8 အတွက် သတင်းတွေ အမျိုးမျိုးထွက်နေတဲ့ကြားထဲကမှ အခုအချိန်မှာတော့ iPhone 9 အတွက် ပြင်ဆင် မှုတွေပြင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကိုရီးယား စီးပွားရေးနေ့စဉ် သတင်းစာက ထုတ်ဖော် လိုက်ပါပြီ။ Apple ရဲ့ ၂၀၁၈ ခုနှစ်မော်ဒယ် iPhone 9 အတွက် LG ကနေ ဘက်ထရီပိုင်းကို အဓိက တာဝန်ယူထုတ်လုပ် ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေဖြင့် သူ့ရဲ့ ထုတ်ကုန်တွေ အတွက် ပစ္စည်းထောက်ပံ့မှုတွေကို အခုလို တစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားသော ပြိုင်ဘက်တွေကိုလည်း အသုံးပြုတက်ပါတယ်။ ယခုလိုမျိုး အခြားသော ပြိုင်ဘက် ကုမ္ပဏီတွေကို ပစ္စည်းတစ်ခုတည်းကို အပြိုင်ထောက် ပံ့ မှုတွေကို ပြုလုပ်စေခြင်းဖြင့် ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို ကြိုတင်ခန့်မှန်းလို့… Continue reading iPhone 9 အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်တဲ့ Apple