စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ် လူဦးရေ တစ် ဘီလီယမ် ( သန်းတစ်ထောင်) ဝင်ရောက်ပြီး သမိုင်းမှတ်တိုင်စိုက်ထူ

၁၉၈၁ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ဝင်ရောက်သူဦးရေ သန်းတစ်ထောင်ပြည့်ခဲ့ပြီဖြစ်ကြောင်း မေလ(၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ Channel News Asia သတင်းတစ်ပုဒ်အရသိရပါတယ်။

ဒီမှတ်တိုင်သစ်ကို လွန်ခဲ့တဲ့ လကတည်းက စိုက်ထူနိုင်ခဲ့ပြီး ယခုနှစ်ထဲတွင် လူဦးရေ သန်း(၆၀)အထိအသုံးပြုခဲ့ကာ ယမန်နှစ်ကတော့ ခရီးသည်ပေါင်း ၅၈.၇ သန်းဝင်ထွက်ခဲ့လို့ ၂၀၁၇ခုနှစ်မှာ ၅.၉ ရာနှုန်းတိုးလာတယ်လို့ လေဆိပ်တာဝန်ရှိသူကပြောပါတယ်။ လွန်ခဲ့တဲ့လကဆိုရင် ခရီးသည် ၅.၁၇ သန်းထိ ဝင်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ဒီလေဆိပ်ဟာ ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းပေါင်း ၁၂၀နီးပါး နဲ့  မြို့ကြီး၃၈၀ ကို ကူးလူးပျံသန်းနေတဲ့လေဆိပ်ဖြစ်ပါတယ်။

သတင်းတစ်ပတ်မှာ လေယာဉ်အစင်းရေ ၇၀၀၀ ထိ ဆင်းသက်နေပြီး စက္ကန့်(၉၀)မှာ တစ်စင်းနှုန်းဆက်သက်ပျံသန်းနေတဲ့ လေဆိပ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကဆိုရင် ဒီလေယာဉ်တွေနဲ့အတူ ကုန်တန်ချိန် ၁၇၁၇၂၀ တန်အထိ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လေဆိပ်ကို ဝင်ထွက်ကြသူအများစုမှာ အရှေ့အလယ်ပိုင်းဒေသကလွဲရင် ဒေသစုံဖြစ်တယ်လို့ လေဆိပ်တာဝန်၇ှိသူကဆိုပါတယ်။

ကိုးကား။ Channel News Asia

Zawgyi Font : စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ် လူဦးရေ တစ် ဘီလီယမ် ( သန်းတစ်ထောင်) ၀င်ရောက်ပြီး သမိုင်းမှတ်တိုင်စိုက်ထူ

၁၉၈၁ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ၀င်ရောက်သူဦးရေ သန်းတစ်ထောင်ပြည့်ခဲ့ပြီဖြစ်ကြောင့်း မေလ(၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ Channel News Asia သတင်းတစ်ပုဒ်အရသိရပါတယ်။



ကိုးကား။ Channel News Asia

Leave a comment

Your email address will not be published. Required fields are marked *