တရုတ်ယွမ်ငွေ နိုင်ငံတစ်ကာသုံး အရန်ငွေ ဖြစ်လာ

နိုင်ငံတစ်ကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ တရုတ်ယွမ်ငွေအား နိုင်ငံတစ်ကာသုံး အရန်ငွေ အဖြစ် မတ်လ ၃၁ ရက်နေ့တွင် သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။ ယခင်က နိုင်ငံတစ်ကာတွင် အမေရိကန် ဒေါ်လာ၊ စတာလင် ပေါင်၊ ဂျပန် ယန်း၊ ကနေဒါ ဒေါ်လာ၊ သြစတေးလျ ဒေါ်လာနှင့် ယူရိုငွေတို့ကို အသုံးပြုခဲ့ပြီး ယခု ၂၀၁၇ မတ်လ ၃၁ ရက်နေ့တွင်မူ နိုင်ငံတစ်ကာ အရန်ငွေအဖြစ် တရုတ် ယွမ် ငွေ ပါ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေးအခြေခံ မြင့်တက်လာမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတစ်ကာ တွင်သုံးစွဲရန် တရုတ် ယွမ်ငွေအား အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

Zawgyi Font : တရုတ္ယြမ္ေငြ ႏုိင္ငံတစ္ကာသံုး အရန္ေငြ ျဖစ္လာ

ႏိုင္ငံတစ္ကာ ေငြေၾကးရန္ပံုေငြ အဖဲြ႕ (IMF) မွ တရုတ္ယြမ္ေငြအား ႏုိင္ငံတစ္ကာသံုး အရန္ေငြ အျဖစ္ မတ္လ ၃၁ ရက္ေန႕တြင္ သတ္မွတ္ေပးလိုက္ေၾကာင္း သိရွိရသည္။ ယခင္က ႏိုင္ငံတစ္ကာတြင္ အေမရိကန္ ေဒၚလာ၊ စတာလင္ ေပါင္၊ ဂ်ပန္ ယန္း၊ ကေနဒါ ေဒၚလာ၊ ၾသစေတးလ် ေဒၚလာႏွင့္ ယူရိုေငြတို႕ကို အသံုးျပဳခဲ့ျပီး ယခု ၂၀၁၇ မတ္လ ၃၁ ရက္ေန႕တြင္မူ ႏုိင္ငံတစ္ကာ အရန္ေငြအျဖစ္ တရုတ္ ယြမ္ ေငြ ပါ သတ္မွတ္ေပးခဲ့ျခင္း ျဖစ္သည္။

တရုတ္ႏိုင္ငံ၏ ေစ်းကြက္စီးပြားေရးအေျခခံ ျမင့္တက္လာမႈႏွင့္အတူ ျပဳျပင္ေျပာင္းလဲမႈမ်ားေၾကာင့္ ႏုိင္ငံတစ္ကာ တြင္သံုးစြဲရန္ တရုတ္ ယြမ္ေငြအား အသိအမွတ္ျပဳခဲ့ျခင္း ျဖစ္သည္။

Leave a comment

Your email address will not be published. Required fields are marked *