CIA ရဲ့ ကူညီမှုကြောင့် ကာဇန်းဘုရားကျောင်းအား တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါဘူး။

IS  ကိုထောက်ခံအားပေးတဲ့ မြေအောက်အဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင် ၇ဦးကို ဖောက်ခွဲရေးပစ္စည်းတွေ လက်နက်တွေ အတော်များများအပါအဝင် အစွန်းရောက်စာရွက်စာတမ်းတွေနဲ့ အတူ ရုရား လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ဒီဇင်ဘာလ၁၆ရက်နေ့တွင် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ ကာဇန်းဘုရားကျောင်းနှင့် အခြားနေရာတွေမှာ အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ရုရှားပြည်သူတွေကို သတ်ဖို့ ကြံစည်ခဲ့ပါတယ်။ ၎င်းကြံစည်မှုကို CIA အမေရိကန်ထောက်လှမ်းရေးအဖွဲ့က သတင်းပေးပို့မှုကြောင့် ရုရှားလုံခြုံရေးအဖွဲ့မှ အချိန်မီ တာဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းပေးပို့မှုအတွက် ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက်ပြီးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းဖုန်းဆက်မှုဟာ ဒီသီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ရက်နေ့တုန်းကလည်း မြောက်ကိုရီးယားအကြောင်းနှင့် ပတ်သက်ပြီး ၎င်းတို့၂ဦး ဖုန်းထဲမှာ ဆွေးနွေးခဲ့ပါသေးတယ်။

အခုလို ၂နိုင်ငံပူပေါင်းဆောင်ရွက်မှုဟာ ရုရှားနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ စံနမူနာတစ်ခု ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို ဖော်ပြနေကြောင်း ဖုန်းထဲတွင် ခေါင်းဆောင်၂ဦး သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

အကြမ်းဖက် ခြိမ်းခြောက်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ရုရှားထောက်လှမ်းရေးအဖွဲ့က အမေရိကန်ထောက်လှမ်းရေးအဖွဲ့အား လွှဲပြောင်းပေးပါ့မယ်လို့ ရုရှားသမ္မတမှ အမေရိကန်သမ္မတကို ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ မြေအောက်ရထားလိုင်းမှာ ဂျီဟာ့ဒ်ဝါဒီ အုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ထင်ရတဲ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်အတွင်းမှာ အကြမ်းဖက်မှုပေါင်း ၁၈မှုကို တားဆီးနိုင်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့ရဲ့ ပြောပြချက်အရသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *