မီဒီယာဆိုတာ အမေရိကန် ပြည်သူတွေအတွက် ရန်သူလို့ပြောလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

နားကြားမှားတာဖြစ်မှာပါ လို့ မထင်လိုက်ပါနဲ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ Twitter ကနေ စာတိုတစ်ကြောင်း tweet ပြီးတော့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် အကြောင်းအရာကိစ္စတစ်ခုခုကြောင့် ဒေါသ ထွက်နေပုံရပြီး Twitter ပေါ်ရေးတင်လိုက်ခြင်း ဖြစ်ပါတယ်။ မီဒီယာ ဆိုတာ ကျနော့်အတွက်တော့ ရန်သူမဟုတ်ပါဘူး။ အမေရိကန်ပြည်သူတွေ အတွက်တော့ ရန်သူ ဖြစ်နေပါတယ် လို့ ပြောလိုက်ပါတယ်။ ထရမ့်ဟာ twitter ပေါ်မှာ ရေးတင်ပြီး အချိန်အနည်းငယ် အကြာမှာ ပြန်ဖျက်ခဲ့သော်လည်း တစ်ကမ္ဘာလုံးကို အချိန်တိုအတွင်း ပြန့်သွားခဲ့ပါတယ်။ screenshot နဲ့တစ်ကွ သိမ်းထားတာဖြစ်တဲ့အတွက် ထရမ့်အနေနဲ့ ဒါကို မရေးခဲ့ပါဘူး လို့ ငြင်းဆို၍ မရနိုင်ပါဘူး။

Tweet လုပ်ပြီး ပြန်ဖျက်ခဲ့သော်လည်း backup လုပ်၍ နောက်တစ်ကြိမ်ပြန်တင်လိုက်ပါသေးတယ်။ နောက်တစ်ကြိမ် ပြန်တင်တဲ့ tweet မှာ New York Times, NBC News, ABC, CBS နဲ့ CNN သတင်းဌာနတွေကိုပါ စောင်းမြောင်းပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိသည့်အချိန်မှ စ၍ သတင်းမီဒီယာများမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပြီး ယခုဆိုရင် လွှတ်တော်အတွင်းမှာပင် သမ္မတနှင့် လွှတ်တော် အခြေအတင်ဖြစ်သည့် အခြေအနေသို့ပင် ရောက်ရှိနေသည်။ အမေရိကန် နိုင်ငံ၏ အမိမြေလုံခြုံရေးအကြံပေးအရာရှိ မိုက်ကယ်ဖလင်း ရာထူးမှ နှုတ်ထွက်သည့်ကိစ္စနှင့် ပတ်သတ်၍ New York Times နှင့် ဝါရှင်တန်ပိုစ့် မီဒီယာများမှ ဒေါ်နယ်ထရမ့်အား ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ထို့ကြောင့် မှတ်ချက်ပေးသူ အတော်များများက အဆိုပါကိစ္စနဲ့ပတ်သတ်၍ ထရမ့် ဒေါသူပုန်ထကာ twitter ပေါ်တွင် tweet လုပ်ခဲ့သည်ဟု ဆိုကြသည်။

Leave a comment

Your email address will not be published. Required fields are marked *