အိမ်ဖြူတော်ကျင့်ဝတ်ဆိုင်ရာ ရှေ့နေဟောင်းအုပ်စုမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အားတရားစွဲဆိုမည်

ဇန်နဝါရီလ (၂၀) ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် ကို အိမ်ဖြူတော် ကျင့်ဝတ်ဆိုင်ရာ ရှေ့နေဟောင်းများပါဝင်တဲ့အုပ်စုက ဥပဒေအရတားမြစ်ထားတဲ့ ငွေပေးချေမှုကို လက်ခံတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေနဲ့တားမြစ်ထားတဲ့ နိုင်ငံတွေနဲ့ငွေပေးချေမှုတွေကို ပြုလုပ်ခဲ့တာကြောင့် တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ထရမ့်ဟာ တရုတ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ အပါအဝင် အခြားပိတ်ပင်ထားတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးလုပ်ကိုင်နေ တာကြောင့် အမေရိကန်နိုင်ငံရဲ့ ဥပဒေကို ချိုုးဖောက်ရာ ရောက်ပါတယ်။ ထရမ့်အနေနဲ့ကတော့ သူ့ကို ဒီကိစ္စအကြောင်းပြ ပြီး နိုင်ငံရေးအကျိုးအမြတ်ထုတ်တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထူးခြားချက်ကတော့ သမ္မတ သက်တမ်း (၄) ရက်မြောက်နေ့မှာဘဲ တရားစွဲဆိုခြင်းကို ရင်ဆိုင်ရသူလည်း ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *