အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အိမ်ဖြူတော်တွင် အချိန်ပိုင်းသာ နေထိုင်လို

၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၂ဝရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ၄၅ယောက်မြောက် သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့် သည် သမ္မတဖြစ် လာပါက အိမ်ဖြူတော်တွင် အချိန်ပိုင်းသာနေလိုသည် ဟု ပြောခဲ့သည်။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော သမ္မတိုင်းသည် သမ္မတဖြစ်ချိန်မှစ၍ အိမ်ဖြူတော် တွင်သာ နေထိုင်ခဲ့သော်လည်း ထရမ့် လက်ထက်မှသာလျှင် အိမ်ဖြူတော်တွင် အချိန်ပိုင်း သာ နေထိုင်လိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် ၀ါရှင်တန် နှင့် နယူးယောက် မြို့တော်တွင် တစ်လှည့်စီ ခွဲနေရန် သူ၏ အကြံပေးများနှင့် ဆွေးနွေး ခဲ့သော်လည်း အကြံပေးအရာရှိများကမူ ထရမ့်အား အိမ်ဖြူတော်တွင်သာ နေထိုင်ဖို့အကြံပေးခဲ့သည်။ ထရမ့်၏ ဆန္ဒအရမူ မိမိကိုယ်ပိုင် ထရမ့်တာဝါ တွင် ပိုမိုနေထိုင်လိုစိတ် ဆန္ဒများနေသည်။ ဆယ်စုနှစ် ၃ခု ခန့် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ရသော သူဌေးကြီး ထရမ့် သည် ထရမ့်တာဝါ၏ ၅၈ထပ်မြောက်တွင် နေထိုင်ပြီး ၂၆ထပ်မြောက်တွင် ရှိသော သူ၏ ရုံးခန်းသို့ တိုက်ရိုက်သွားနိုင်ရန် ဓာတ်လှေကား တစ်ခု သီးသန့်ဒီဇိုင်းဆွဲတည်ဆောက်ထားသည်။ ထရမ့် နေထိုင်ရာ ၅၈ထပ်မြောက် အခန်းကို ၂၄ ကာရက် အရည်အသွေးရှိသော ရွှေ နှင့် တန်ဖိုးကြီး စကျင်ကျောက်များဖြင့် အလှဆင်တည်ဆောက်ထားပြီး အိမ်ဖြူတော် ထက်ပင် ပို၍သားနားသော ကြောင့် ထရမ့်အနေဖြင့် အိမ်ဖြူတော်တွင် အချိန်ပိုင်းအဖြစ်သာ နေထိုင်လိုသည်ဟု ယူဆရသည်။

ယခုအချိန်ထိ ထရမ့်နှင့်ပတ်သတ်၍ ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး အချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူများက ထရမ့်၏ လုပ်ရပ်များ အချို့ ကြောင့် အမေရိကန်၏ပြည်တွင်းစီးပွားရေးအပြင် အခြားနိုင်ငံငယ်များအပေါ်တွင်ပါ သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆို ဆွေးနွေးကြသည်။ အောက်ပါပုံများမှာ ထရမ့်တာဝါ အတွင်းရှိပုံများနှင့် ထရမ့်နေရာထိုင် ၅၈ထပ်မြောက် အခန်းပုံများဖြစ်ပါသည်။

trump tower

trump tower

trump tower

 

Leave a comment

Your email address will not be published. Required fields are marked *