E-Sport က အားကစားသမိုင်းမှာ နောက်ထပ် အောင်မြင်မှု တစ်ခု ဖြစ်လာလေမလား။

E-Sport ရဲ့ အဓိပ္ပါယ်က Electronic Sport ဖြစ်ပါတယ်။ Electronic Sport ကတော့ ကွန်ပျူတာဂိမ်းတွေကို ကမ္ဘာနဲ့ အနှံ့ ယှဉ်ပြိုင်ပြီးဆော့ရတဲ့ အားကစားမျိုးဖြစ်ပါတယ်။ သူတို့ကိုလည်း ဒီနေ့ခေတ်မှာ အားကစားသမားလို့ ခေါ်ကြပါတယ်။ E-Sport သမားတွေက အခြားဘာအလုပ်မှမလုပ်ပဲ Computer Games တွေကို အချိန်ပေးပြီး ဆော့ရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒီနေ့ နာမည်ကြီး ကွန်ပျူတာ games တွေဖြစ်တဲဲ့ Dota, League of Legends နဲ့ PUBG တွေကို ကမ္ဘာအနှံ့ ပြိုင်ပွဲတွေ လုပ်ပြီး ကျင်းပကြပါတယ်။ ဒီလိုကျင်းပတဲ့အခါ အချို့ players တွေက အိမ်မှာပဲ ဆော့ပြီး လာရောက်ယှဉ်ပြိုင်တဲ့ gamers တွေရှိသလို အချို့က စနစ်တကျ မွေးမြူပြီး ထိန်းကျောင်းထားတဲ့ Gamers တွေလည်း ရှိပါတယ်။

FILE PHOTO: The NBC and Comcast logo are displayed on top of 30 Rockefeller Plaza, formerly known as the GE building, in midtown Manhattan in New York July 1, 2015. REUTERS/Brendan McDermid/File Photo

အမေရိကန်နိုင်ငံ Philadelphia မြို့လေးက အားကစားရုံတွေ ရှိတဲ့မြို့လည်းဖြစ်သလို လူငယ်တော်တော်များများ တက်ကြွလှုပ်ရှားကြတဲ့ မြို့လေးလို့လည်း သိကြပါတယ်။ အားကစား အစီအစဉ်တွေကို တင်ဆက်ပေးနေတဲ့ Comcast broadcast company ရှိတဲ့ မြို့လေးဆိုလည်း မမှားပါဘူး။ အခုဆို အားကစားကွင်းတွေဆောက်ထားတဲ့ နေရာမှာ E-Sport အတွက် နေရာအသစ်တစ်နေရာကိုလည်း  ဆောက်လုပ်နေပြီဖြစ်ပါတယ်။ အခြား အားကစား Stadium လိုမျိုး မိုးလုံ၊ လေလုံ အဆောက်အအုံ ပုံစံဖြစ်ပြီး လူပေါင်းထောင်နဲ့ချီ ဆန့်အောင် ဆောက်လုပ်နေပါတယ်။

Comcast က အခုဆို မျိုးဆက်သစ်တွေရဲ့ လက်ထဲရောက်ရှိလာပါပြီ။ လက်ရှိ Comcast ကို ဦးစီးနေတဲ့လူကတော့ co-founder ဖြစ်တဲ့ Ralph Roberts ရဲ့ မြေးဖြစ်သူ Tucker Roberts ဖြစ်ပါတယ်။ Tucker Roberts က လူငယ်ပီပီ သူ့အဖေနဲ့အဖိုးတွေ စတင်ခဲ့တဲ့ Comcast business ကို ခေတ်နဲ့အညီလိုက်ပြီး E_Sport business ကိုလည်း စတင်လုပ်ဆောင်နေပါတယ်။ Comcast company က အခုဆို ၂၀၀ ဘီလီယံတန်ကြေးရှိတဲ့ company တစ်ခုလည်း ဖြစ်ပါတယ်။ အရင်တည်းက အားကစားသမိုင်းမှာ အောင်မြင်မှုတော်တော်ရရှိခဲ့ပြီး အခု E-Sport Business ကိုလည်း စတင်နေတဲ့ company တစ်ခုဆိုလည်း မမှားပါဘူး။ Comcast မှာ  ကိုယ်ပိုင် gamers တွေရှိပြီး company က သေချာပြုစုပျိုးထောင် ပေးထားတဲ့ Team ရှိပါတယ်။ အခုဒီခေတ်မှာဆို ကိုယ်ပိုင်အသင်းနဲ့ ကိုယ်ပိုင်ဘောလုံးအားကစားသမားတွေ ပုံစံဖြစ်ပါတယ်။

Tucker က အခုဆို ကိုယ်ပိုင် Stadium ဖြစ်တဲ့ Fusion အားကစားရုံကို တည်ဆောက်နေပါတယ်။ ဒီအားကစားရုံက EDM Show ပွဲပုံစံမျိုးဖြစ်ပြီး projector screen အကြီးစားတွေနဲ့ ပရိတ်သတ်တွေ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ခုံတွေပါဝင်ပါတယ်။ ဒီအားကစားရုံ ဆောက်ရတဲ့ ရည်ရွယ်ချက်က တစ်ကမ္ဘာလုံးက E-Sport Gamers တွေအားလုံး ဆုံဆည်းနိုင်ဖို့နဲ့ game ပွဲတွေကို ကျင်းပဖို့ဖြစ်ပါတယ်။ အားကစားရုံဆောက်ဖို့အတွက် ကုန်ကျငွေက ဘီလီယံနဲ့ချီကုန်ကျပါတယ်။ လက်ရှိကမ္ဘာက နိုင်ငံတိုင်းမှာ Games တွေကို ဆော့နေကြပြီး E-Sport Business ကလည်း တစ်ဟုန်ထိုး အရင်ကထက် တိုးတက်လာမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *