Email signature ရဲ့ အရေးပါမှု

Email signature ဆိုတာ Business Card တစ်ခုလိုပါပဲ။ ကိုယ့်လုပ်ငန်းရဲ့ Image ကို ပိုပြီးခိုင်မာအောင် လုပ်ဖို့အတွက် Email Signature ကလည်း အရေးပါတဲ့အရာတစ်ခုပါ။ ဘယ်လိုနေရာတွေမှာ အရေးပါလဲဆိုတာကိုတော့ လေ့လာကြည့်ရအောင်။

(၁)သင့်လုပ်ငန်းက Image ကောင်းကောင်းနဲ့ အခိုင်အမာလည်ပတ်နေတယ်ဆိုတာကို သင့်လုပ်ငန်းပါတနာတွေ အားလုံးကို ရဲရဲဝံ့ဝံ့ချပြနိုင်ပါတယ်။

(၂)သင်ပို့သမျှ email တိုင်းမှာ သင့်လုပ်ငန်းအမှတ်တံဆိပ်ပါဝင်နေတဲ့ email signature ကို အသုံးပြုထာတာဖြစ်လို့ သင့်လုပ်ငန်းကို ကြော်ငြာပြီးသားဖြစ်ပါလိမ့်မယ်။

(၃)ရံဖန်ရံခါ မြင်နေရတဲ့ email signature ကြောင့် သင့်လုပ်ငန်းကို လူတွေသတိပြုမိပြီး မသိစိတ်ထဲတွင်အမှတ်ရနေပါလိမ့်မယ်။

(၄)ဖောက်သည်တွေနဲ့ ဆက်သွယ်ရာမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းပါတနာတွေနဲ့ ဆက်သွယ်ရာမှာပဲဖြစ်ဖြစ် email signature က သင့်လုပ်ငန်းရဲ့ Digital Business Card ဖြစ်နေပါလိမ့်မယ်။

(၅)သင့်ရဲ့ email signature မှာ သင့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်၊ လိပ်စာနဲ့ Social Link တွေ အားလုံးထည့်သွင်းထားနိုင်တာကြောင့် သင့်ဖောက်သည်တွေရော၊ လုပ်ငန်းပါတနာတွေပါ သင့်လုပ်ငန်းကို အလွယ်တကူဆက်သွယ်နိုင်ပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *