မြန်မာမိန်းကလေးပရိတ်သတ် တစ်ယောက်ရဲ့ လက်ဆောင်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ Kai

မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 2017 K-Pop Festival မှာ EXO အဖွဲ့အပါအဝင် ကိုးရီယားအနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ပြီး အင်တာနက်စာမျက်နှာများမှာ မိန်းကလေးတွေ EXO အဖွဲ့ကို အားပေးမှုနဲ့ပတ်သတ်ပြီး ဝေဖန်မှုများ မြင့်တက်ခဲ့ပါတယ်။

EXO အဖွဲ့ဝင်ဖြစ်တဲ့ Kai တစ်ယောက်ကတော့ သီချင်းဆိုနေတုန်း တစ်ဝက်လောက်မှာ ဖြူပွင့်ေ၀ ဆိုတဲ့ မိန်းကလေးပရိတ်သတ်တစ်ယောက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ Kai ရဲ့ ငယ်စဉ်ဘဝပုံအပါအဝင် ပုံအတော်များများကို ရေးဆွဲထားတဲ့ စာအုပ်ကြောင့် ဖြစ်ပါတယ်။ သီချင်းဆိုနေရင်း တစ်ဝက်တစ်ပျက်နဲ့ အဆိုပါ စာအုပ်ကို ကောက်ယူ၍ ကြည့်လိုက်ပြီး ဖြူပွင့်ေ၀ ဆိုတဲ့ ကောင်မလေးကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ပုံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

kaiSource : Koreaboo

Leave a comment

Your email address will not be published. Required fields are marked *