Facebook က ဗြိတိန်နိုင်ငံအခြေစိုက် သတင်းတု ကွန်ရက်များကို စတင်ဖယ်ရှား

သတင်းတုဆိုတာ မြန်မာနိုင်ငံတစ်ခုထဲတင် ရှိတာ မဟုတ်ပါဘူး။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ တစ် ခုလည်း ဖြစ်ပါတယ်။ ဒီလို လူမှုကွန်ရက်ပေါ်မှာ သတင်းတုတွေ ဖြန့်ကျက်နေတာကို အရေးယူဖို့အတွက် Facebook ကနေ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်အခြေစိုက် သတင်းတုကွန်ရက်တွေကို Facebook ကနေ ရှာဖွေ ဖယ်ရှားနေပါတယ်။

လက်ရှိမှာတော့ Facebook အကောင့်ပေါင်း ၁၃၀ ၊ Page များနှင့် Group တွေကို ဖယ်ရှားပစ်ပြီးပြီလို့ သိရပါ တယ်။အဆိုပါ အကောင့်တွေ၊ စာမျက်နှာတွေနဲ့ Group တွေဟာ ဗြိတိန်နိုင်ငံနဲ့ပတ်သတ်ပြီး သတင်းတုတွေကို ဖြန့် ကျက်နေတဲ့ သူတွေဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ဗြိတိန်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။

အဆိုပါ Facebook Group များဟာ အစပိုင်းမှာ မသိနားမလည်တဲ့သူတွေကို လှည့်ဖျားကာ လူစိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို တင်ဆက်ခဲ့ပြီး နောက်ပိုင်းမှာ Pages နဲ့ Group တွေကို နာမည်ပြောင်းကာ နိုင်ငံရေးနဲ့ ပတ် သတ်ပြီး လှုံ့ဆော်တဲ့ သတင်းတုပိုစ့်တွေကို ရည်ရွယ်ချက်ရှိရှိ တင်ခဲ့ပါတယ်။အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို အစဉ်အမြဲတင်ဆက်နေပြီး သူတို့ရဲ့ website တွေကို လူကြည့်များစေဖို့လည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Source:BBC

Leave a comment

Your email address will not be published. Required fields are marked *