Facebook တစ်ခွင်က videos အတုတွေကို စောင့်ကြည့်သွားမယ့် Facebook

မကြာသေးမီက လူမှုကွန်ရက်တစ်ခွင်မှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌဖြစ်တဲ့ nacy pelosi က မိန့်ခွန်းတစ်ခုမှာ  ရိုင်းပြတဲ့ စကားလုံးတွေကို သုံးနှုန်းတဲ့ video က facebook တစ်ခွင်မှာ ပျံနှံ့သွားခဲ့ပါတယ်။ ဒီvideo က အမှန်တကယ် အဖြစ်အပျက် video မဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ video တစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများက video ပြန့်နှံ့ပြီး မကြာသေးမီအချိန်အတွင်းမှာပဲ အတုဖြစ်ကြောင်း သိသွားကြပါတယ်။ အမေရိကန်ပြည်ထောင်စု တစ်ခွင်မှာ ဒီကိစ္စက ပွက်လောရိုက်သွားခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဌကိုယ်တိုင် Facebook company ကို နောက်ထပ်ဒီလိုတွေမဖြစ်အောင် စောင့်ကြည့်ဖို့ သတိပေးခဲ့ပါတယ်။

Facebook company ရဲ့ ဥက္ကဌဖြစ်တဲ့ Zuckerberg က ဒီ video နဲ့ပတ်သတ်ပြီး Facebook က စည်းမျဉ်းစည်းကမ်းအသစ်တွေကို မကြာမီထုတ်ပြန်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ဗီဒီရိုအတုယောင်တွေ ထပ်မတတ်အောင်လည်း Facebook Team က အချိန်ပြည့်စောင့်ကြည့်သွားမယ်ဆိုတဲ့အကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒီ video က အမေရိကန််နိုင်ငံရှိ အခြားနိုင်ငံရေးခေါင်းဆောင်တွေပါ သတိပြုမိသွားပြီး အထိတ်တစ်လန့် ဖြစ်သွားခဲ့တဲ့ video တစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်ရဲ့ နိုင်ငံတော်တော်များများက နိုင်ငံရေးမှာလည်း Facebook က အရေးကြီးတဲ့နေရာတစ်ခုအဖြစ် ပါဝင်နေပါတယ်။ နိုင်ငံရေးအဓိကရုဏ်းတွေဖြစ်လာအောင် Facebook က ဖန်တီးနိုင်သလို တစ်နေရာနဲ့တစ်နေရာ ဝေးနေတဲ့ လူတွေကို နီးစပ်အောင်လည်း လုပ်နိုင်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်ပြီး လွဲမှားတဲ့ သတင်းတု၊ ဗီဒီရိုတွေကိုတော့ နိုင်ငံအနှံ့မှာ ဆက်မဖြစ်အောင် Facebook က​ အနာဂတ်မှာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *