Facebook နဲ့ အလုပ်အတူတူတွဲလုပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က facebookရဲ့ သတင်းအမှား ရှာဖွေးရေး ကြိုးစားမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။

facebook ရဲ့ အရေးကြီးသတင်း အစိတ်အပိုင်းအများစုက သတင်းသမားတွေအများစု တင်တဲ့ သတင်းနဲ့ ဆင်တူပါတယ်။ facebook ရဲ့ သတင်းအမှားဖော်ထုတ်ရေးကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက အစကတည်းက အကျဘက်ကို ဦးတည်နေခဲ့တာဖြစ်ပြီး ၂၀၁၆ ရွေးကောက်ပွဲတုန်းကလည်း ဝါဒဖြန့်မှုတွေနဲ့ အမြတ်အစွန်းထွက်ခဲ့တဲ့ လိမ်လည်မှုတွေကို လူသန်းပေါင်းများစွာ ဆီသို့ ရောက်ရှိစေခဲ့တဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။

သီအိုရီအရဆိုရင်တော့ facebook က ဒီလိုကိစ္စတွေကို ကာကွယ်ဖို့ ခြေလှမ်းတွေလှမ်းနေတာပါ။ သူတို့အဖွဲ့အစည်းဟာ သတင်းအဖွဲ့အစည်းက သတင်းသမားတွေ၊ အချက်အလက်ရှာဖွေရေးအဖွဲ့အစည်းတွေ နဲ့ အခြားသော မှန်ကန်မှုကို အားပေးတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ချို့သောသတင်းတွေက သတင်းသမားရေးသားရမယ့် ကျင့်ဝတ်နဲ့မညီရင် ၎င်းကိစ္စဟာ အငြင်းပွားစရာကိစ္စ တစ်ခု ဖြစ်နေပြန်ပါတယ်။

ဒါပေမယ့် facebook ကိုယ်စားလုပ်နေတဲ့ သတင်းသမားကတော့ ဂါးဒီးယန်းကို ပြောတာက အဲ့လို အငြင်းပွားစရာဖြစ်မယ့် သတင်းတွေနဲ့ပတ်သက်ပြီး သူတို့ဘက်က အများကြီးလုပ်တာတေ့ာမရှိပါဘူး။ သတင်းသမားတွေက facebook နဲ့ တစ်နှစ်ကျော်ကြာ ဒီ ပလက်ဖောင်း မှာ လက်တွဲလုပ်လာတာ တစ်နှစ်ကျော်လာပြီးနောက်ပိုင်း သူတို့က ဂါးဒီးယန်း သတင်းစာကို facebook က လုပ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီးပြောတာက ဖေ့ဖွတ်က လုပ်ကြံသတင်းတွေနဲ့ ပတ်သက်ပြီး အဲ့ဒါကို ရပ်တန့်ပစ်ဖို့ အပြင်းအထန်လုပ်ဆောင်နေတာ မတွေ့သေးဘူးဆိုတာပါပဲ။

“သူတို့မှာ ကြီးမားတဲ့ ပြဿနာရှိပါတယ်။ သူတို့ဟာ ဒီလိုသတင်းအမှားဖြန့်ဝေနေမှုကို ကိုင်တွယ်ဖို့အတွက် အဖွဲ့အစည်းတွေပေါ်မှာ မှီခိုနေရတာကြောင့် လုပ်ရကိုင်ရခက်တဲ့အပိုင်းတွေရှိတယ်လို့” သတင်းသမားတစ်ယောက်က ဂါးဒီးယန်း သတင်းစာကို ပြောပါတယ်။

အများအားဖြင့်ပြောကြတာက ၎င်းသတင်းသမားတွေဟာ သတင်းအမှားတွေကို ဖယ်ရှားနိုင်စွမ်းရှိမရှိဆိုတာကို ပြောကြားခွင့် မရှိဘူးလို့ သိရပါတယ်။ အငြင်းပွားစရာသတင်းတွေ ဆောင်းပါးမှာ ပြစ်တင်ရှုတ်ချစရာ သတင်းတစ်ခုအနေနဲ့ တက်လာတာကို တွေ့တယ်ဆိုရင်တောင် အဲ့လိုသတင်းတွေ ဖြေးဖြေးချင်း ပျံ့နှံ့နေတယ်ဆိုတာကို သူတို့တွေ မသိရှိရပါဘူး။

facebook ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရေးထားတာက “ကြားနေတဲ့အဖွဲ့ဖြစ်တဲ့ အချက်အလက်ရှာဖွေရေးသမားတွေက အဲ့ဒီသတင်းဟာ မမှန်ကန်ဘူးလို့ခေါင်းစဉ်တပ်လိုက်တာနဲ့ လူတွေရဲ့ ၎င်းသတင်းအပေါ်ထားတဲ့ လူတွေမှန်ကန်တယ်လို့ထင်ထားတဲ့အမြင်က ၈၀ ရာခိုင်နှုန်းလောက်လျော့ကျသွားပါတယ်။ အငြင်းပွားဖွယ်ဖြစ်စေတဲ့ သတင်းတွေကို ဟန့်တားနိုင်တဲ့နှုန်းက အနည်းငယ်သာရှိတယ်လို့ လေ့လာသူတွေက ဆိုပေမယ့် သူက ဒီလို တုန့်ပြန်ထားတာဖြစ်ပါတယ်။ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အားလုံးကို ခြုံပြီးမဖော်ပြနိုင်ပေမယ့် အနည်းအကျဉ်းကိုသာ ဖော်ပြတဲ့အတွက် တခြားသတင်းတွေက မှန်ကန်မှုရှိတယ်လို့ အသုံးပြုသူတွေကို ထင်သွားစေတယ်လို့ လေ့လာသူတွေကပြောပါတယ်။

ရုရှားက ဝါဒဖြန့်ချီရေးအတွက် လူမှုကွန်ယက်ကို အသုံးပြုလေ့ရှိပြီး အခြားသောနိုင်ငံတွေမှာဆိုရင်လည်း လူမှုကွန်ယက်ဟာ အကောင်းဆုံးအသုံးချလို့ရတဲ့ ကြားခံဖြစ်တာကြောင့် သတင်းအမှားဖြန့်ချီမှုတွေဟာ အရမ်းကိုလွယ်ကူလာနေပါတယ်။ ဒါကြောင့် facebook အပြင် အခြားသော နာမည်ကြီးတဲ့ Google တို့ Twitter တို့က သတင်းအမှားဖြန့်ချီမှုတွေကို ၂၀၁၆ တုန်းက ရွေးကောက်ပွဲလုပ်နေစဉ်အတောအတွင်း နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ အသေးစိတ်လေ့လာကြပါတယ်။

facebook ဟာ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး အမြစ်ပြတ်ချေမှုန်းဖို့လုပ်ဆောင်ရမယ်ဆိုပေမယ့် အဲ့ဒါတွေနဲ့ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အပိုင်းကို သူမလုပ်နိုင်သေးပါဘူး။ ၎င်းပလက်ဖောင်းအတွက် လူအမြောက်အများငှားရမ်းထားပြီး သူ့ပလက်ဖောင်းမှာ ဘယ်သူတွေက ကြော်ငြာတွေကို ဝယ်ယူနေတယ်ဆိုတာကို ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး အကြမ်းဖက်တဲ့ အရေးအသားတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။ သူတို့ရဲ့ အချက်အလက်ရှာဖွေရေးသမားတွေ အတွက်လည်း လူတွေငှားရမ်းသင့်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *