Facebook ပိုင်ရှင် Zuckerberg ကမ္ဘာ့တတိယ အချမ်းသာဆုံးသူဖြစ်လာ

၂၀၁၇-၁၈ ကာလမှာ အခက်ခဲဆုံးတွေနဲ့ ရင်ဆိုင်နေရပေမယ့် facebook ပိုင်ရှင် ဇူကာဘတ် ဟာ ယခင်က တတိယ အချမ်းသာဆုံး ဝေါရင်းဘတ်ဖက်ထက် ဒေါ်လာ ၃၇၃ သန်းပိုပြီး ချမ်းသာလာတဲ့ အတွက် ကမ္ဘာ့တတိယ အချမ်းသာဆုံး စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။ အသက် (၃၄)နှစ်အရွယ်သာ ရှိသေးတဲ့ ဇူကာဘတ်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၈၁.၆ ဘီလီယံ ဖြစ်ပါတယ်။ ကမ္ဘာကျော် စီးပွားရေးမီဒီယာ Bloomberg ရဲ့စာရင်းအရ ကမ္ဘာ့ နံပါတ်(၁) အချမ်းသာဆုံးသူကတော့ Amazon CEO Jeff Bezos နဲ့ ဇူကာဘတ်ရဲ့ အထက်နံပါတ်(၂)နေရာမှာ ယခင် နံပါတ်(၁) ဖြစ်ခဲ့တဲ့ Microsoft ပိုင်ရှင် ဘီလ်ဂိတ်ပဲဖြစ်ပါတယ်။ ကမ္ဘာအချမ်းသာဆုံ(၃)ယောက်ကို ကြည့်ရင် အားလုံးက နည်းပညာ ဆိုင်ရာ လုပ်ငန်းရှင်တွေဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးမှာ ခေတ်ရေစီးကြောင်း Trend ဟာ အင်မတန် အရေးကြီး ကြောင်း ရှုမြင်သုံးသပ်မိပါတယ်။source: The Korea Herald

Leave a comment

Your email address will not be published. Required fields are marked *