Facebook ပေါ်တွင် တမန်တော် မိုဟာမက် အားဆဲရေးတိုင်းထွာမိသဖြင့် ဟိန္ဒူရွာမီးရှို့ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာကာဘာရီ ဟိန္ဒူရွာကြီး တစ်ခုအား ဒေါသထွက်နေသော မွတ်စလင် အင်အား ၂၀၀၀ ကျော်ခန့်မှ မီးရှို့ဖျက်စီးလိုက်ကြောင်း သိရှိရသည်။ အဆိုပါ မီးရှို့ဖျက်စီးမှူကို ရဲတပ်ဖွဲ့အင်အားလည်း မတားဆီးနိုင်ကြောင်းသိရှိရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ Facebook ပေါ်တွင် တစ်စုံတစ်ယောက်မှ တမန်တော် မိုဟာမက် အား ဆဲရေးတိုင်းထွာမိသဖြင့် အဆိုပါ မီးရှို့ဖျက်စီးမှူကိစ္စ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်စီးမှူကြောင့် လူတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိမှူဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် လူအင်အား ၂၀၀၀ ကျော်ခန့်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှလည်း မတားဆီးနိုင်သေးကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *