Facebook ပြိုင်ဖက် ဖြစ်သော တရုတ် ရဲ့ ဧရာမလူမှုကွန်ရက် TENCENT အမြတ် ၉၈% ထိုးတက်

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးသူေဋ္ဌးကြီးပိုင် လူမှုကွန်ရက် TECENT ဟာ လေးလပတ်ကုန်ဆုံးတဲ့ ဒီဇင်္ဘာအကုန်မှာ အမြတ်၉၈% တိုးတက်ရရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ TECENT ဟာ တရုတ်နိုင်ငံမှာ Facebook ကဲ့သို့သော ဧရာမလူမှုကွန်ရက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က TECENT ရဲ့ အမြတ်ဟာ ၁၁ ဘီလီယံရှိပြီး ၇၅% တိုးတက်ခဲ့တာဖြစ်ပါတယ်။
Facebook ရဲ့ နှစ်စဉ် အမြတ်ဟာ ၁၆ ဘီလီယံနီးပါးရှိပြီး TECENT ထက်ပိုပေမယ့် TECENT ရဲ့ တိုးတက်မှုက ပိုပြီးမြန်ဆန်နေပါတယ်။ ဒီဇင်္ဘာလကုန်ထိ Facebook ရဲ့ လေးလပတ်အမြတ်က ၂၀%သာရှိခဲ့ပါတယ်။
TECENT ရဲ့ ကုဋေကြွယ်သူေဋ္ဌးကြီး Pony Ma လို့လူသိများတဲ့ CEO Ma Huateng ကတော့ ကုမ္ပဏီရဲ့ တိုးတက်မှုဟာ အွန်လိုင်းဗွီဒီယိုတွေနဲ့ အွန်လိုင်း ဂိမ်းလုပ်ငန်းတွေကြောင့်လို့ ဆိုပါတယ်။ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ဗွီဒီယိုအပါအဝင် ငွေပေးချေမှုနဲ့ Cloud ကဲ့သို့သော အင်တာနက်သုံးနည်းပညာတွေ၊ AI နည်းပညာနဲ့ အွန်လိုင်းသုံး လက်လီအရောင်းဆိုင်လုပ်ငန်းတွေအပေါ် ဆက်လက်ပြီး တိုးတက်ရင်းနှီး မြှပ်နှံသွားမယ်လို့ဆိုပါတယ်။
Facebook ရဲ့ စတော့ ဈေးကလည်း ပေါ်ပေါက်ခဲ့တဲ့ ပြသနာတွေကြောင့် ဒေါ်လာ ၅၀ ဘီလီယံထိ ထိုးကျခဲ့ပါတယ်။လွန်ခဲ့တဲ့ လေးလ အတွင်း TECENT ရဲ့ တန်ဖိုးဟာ Facebook ထက်သာလွန်လာခဲ့ပြီး Apple ၊Google ရဲ့မိခင်ကုမ္ပဏီ Alpabet ၊Amazon နဲ့ Microsoft တု့ိပြီးရင် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

Ref:CNN

Leave a comment

Your email address will not be published. Required fields are marked *