Facebook AI စနစ်၏ အလိုအလျောက် ဘာသာပြန်မှူ မှားယွင်းခဲ့သဖြင့် ပါလက်စတိုင်း အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဘာသာပြန်မှားယွင်းမှုဟာ တစ်ခါတစ်လေမှာ ရယ်စရာဟာသတစ်ခုဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းက လူတစ်ယောက်ရဲ့အဖြစ်ကတော့ လူအများစုက အိမ်မက်ဆိုးတစ်ခုလို့ သတ်မှတ်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီလူက ဖေ့ဘွတ်မှာ ပိုစ့်တစ်ခုကိုတင်လိုက်ပြီး ပုံထဲမှာ ဘူဒိုဇာကိုမှီထားကာ သူ့ပုံမှာ အာရဗီဘာသာနဲ့ ရေးထားပြီး ဘာသာပြန်လိုက်ရင်တော့ “Good Morning” လို့အဓိပါ္ပယ်ရပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အစ္စရေးက ဂျေရုစလင် နားမှာ West Bank အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သူက အဲ့ဒီပုံနဲ့ စာကို တင်ပြီးနောက်ပိုင်း ရဲ ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။

ကိုယ်ပိုင် AI စနစ်တစ်ခုကို သုံးထားတဲ့ ဖေ့ဘွတ်က အလိုအလျောက်ဘာသာပြန်စနစ်မှာ ဘာသာပြန်ထားတာက “သူတို့ကိုတိုက်ခိုက်ပါ” လို့ ဟီဘရူးဘာသာစကားနဲ့ ရေးထားပြီး အင်္ဂလိပ်လို ပြန်ရင်တော့ “ သူတို့ကိုနာကျင်အောင် လုပ်ပါ” လို့ အဓိပ္ပါယ်ထွက်ပါတယ်။

ဒါကြောင့် အစ္စရေး ဂျူဒီယာ နဲ့ ဆမ်မာရီယာ ခရိုင်က ရဲတွေက သူ့ကို သံသယရှိသူတစ်ယောက်အနေနဲ့ သတ်မှတ်လိုက်ကြပြီး အဲ့ဒီ ဘူဒိုဇာနဲ့ လူတွေကို တစ်ခုုခုဖြစ်အောင် လုပ်တော့မှာလား ဆိုတာကို ရဲတွေက စစ်ဆေးရင်းနဲ့ သူ့ အချိန်တော်တော်များများကို ကုန်လွန်စေခဲ့ပါတယ်။

ဒီဖြစ်စဉ်တစ်ခုလုံးအတွက် ဘယ် အာရဗီ တစ်ဦးတစ်ယောက်ကမှ ဖေ့ဘွတ်က ဘာသာပြန်မှုကို သူ့ရဲ့ ပိုစ့်ကနေ နှစ်ခါပြန်မစစ်ဆေးခဲ့ပါဘူး။ ဖေ့ဘွတ်က အမှားကို သူတို့တွေ သိရှိသွားပြီးနောက်မှာတော့ ထိုလူကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖေ့ဘွတ်က ဒီဖြစ်စဉ်အတွက် သူ့ ရဲ့ အလိုအလျောက် ဘာသာပြန်စနစ်ကို ပြန်လည်စစ်ဆေးနေပါတယ်။ ဖေ့ဘွတ် အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ နီစစ် ဖက်ဇီအရန် ပြန်လည်ရှင်းပြထားတာက “ကံမကောင်းစွာနဲ့ ပဲ သူတို့ရဲ့ အလိုအလျောက် ဘာသာပြန်တဲ့စနစ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်က ၎င်း လူ တင်ထားတဲ့ ပိုစ့်အတွက် ဘာသာပြန်မှားယွင်း ခဲ့ပါတယ်။ သူတို့ရဲ့ ဘာသာပြန်စနစ်ဟာ တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာတယ်လို့ ယူဆရပေမယ့် ဒီလိုတစ်ယောက်ချင်းမှာတော့ အမှားတွေက အချိန်နဲ့ အမျှဖြစ်ပေါ်လာလေ့ရှိပါတယ်။ အဲ့လို ပြသနာတွေအတွက်လည်း ဖြေရှင်းပေးနိုင်ဖို့ သူတို့ ကခြေလှမ်းတွေ စတင်နေပါပြီ။ ကျွန်တော်တို့ ဘက်ကနေပြီးတော့ သူနဲ့ သူ့မိသားစုကို ခဏတာ ကွဲကွာစေတဲ့ ဖြစ်ရပ်ဖြစ်ပေါ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်” လို့ပြောထားပါတယ်။

Source: Mashable

Published
Categorized as News

Leave a comment

Your email address will not be published.