Facebook Comment များတွင် အရောင်စုံ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်ကို စမ်းသပ်
Source: Mashable
Unicode : Facebook ကရောင်စုံကာလာ status တွေဟာ သိပ်မလန်းသေးဘူးလို့ သင်ထင်ရင် ရောင်စုံ comments တွေပေးလို့ ရတဲ့အထိစောင့်လိုက်ပါဦး။
color
ပထမတော့ Facebook ဟာရောင်စုံ status တွေ ကို သူ့ ရဲ့ platform က နေ အလိုအလျောက်ပေးထားပြီး ဒီပုံစံတွေက အရမ်းကို ဆိုးရွားပြီး ကြည့်မကောင်း ရှု မကောင်းပုံစံတွေဖြစ်ပါတယ်။ အဲ့လောက်ပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ တွေးထားခဲ့ပြီး comments တွေမှာလည်း ဒီလို အရောင်တွေ နဲ့ဖြစ်လာမှာ မဟုတ်ဘူးလို့ တွေ့ထားခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ တွေးထားတာနဲ့ လုံးဝဆန့် ကျင်ဖက် ပဲဖြစ်ပါတယ်။ Facebook ဟာဆိုရင် အခုချိန်မှာ ရောင်စုံနောက်ခံ နဲ့ comments ပေးလု့ိ ရမယ့် စနစ်ကို စမ်းသပ်နေပါတယ်။
ဒီ feature ဟာ လောလောဆယ်မှာတော့ အသုံးပြုသူ အနည်းငယ်လောက်စီသာ ရရှိသေးမှာဖြစ်ပြီး မိုဘိုင်းတွေမှာပဲ ရရှိအုံးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဖုန်းတွေအားလုံးမှာ ကာလာ comments ပေးလို့ ရမရဆိုတာကို စမ်းသပ်ထားပြီး အားလုံတော့ မရသေးပါဘူး။
စိတ်အေးအေးထားပါ။ Facebook က ဒီဟာကို စမ်းသပ်နေပေမယ့် အားလုံးမှာ ဒီလို ကာလာနဲ့ comments ပေးလို့ ရမှာတော့မဟုတ်ပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး Facebook ကိုမေးထားပေမယ့် အကြောင်းပြန်ထားတာတော့ မရှိသေးပါဘူး။ ဆိုပေမယ့် လည်း သူက ဒါကို ထည့်သွင်းတော့မယ်ဆို ရင်ကျွန်တော်တို့ ဟာ ဒါကို လက်ခံရတော့မှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဟာက ကာလာ status လိုပဲ မျက်စိနောက်စရာဖြစ်နေဦးမှာပါ။
Source: Mashable
Published
Categorized as Tech
Leave a comment
Your email address will not be published. Required fields are marked *