Facebook မှ Profile Image အား ခိုးယူခြင်းမှ ကာကွယ်နိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

ယခင်က Facebook မှာ အကောင့်တုဆိုတာ နည်းပါးခဲ့ပေမယ့် ယခုနောက်ပိုင်း အင်တာနက်တွေပိုမိုအဆင်ပြေလာ၊ ဆင်းဒ်ကဒ်တွေလည်း ဈေးပေါလာတော့ Facebook လို လူမှုကွန်ရက်မီဒီယာမှာ အကောင့်တုတွေလည်း နေ့ချင်းညချင်း တိုးပွားလာပါတော့တယ်။ အကောင့်တုတွေက သူတစ်ပါးရဲ့ profile ပုံကို ဒေါင်းလုပ်ဆွဲယူပြီး အကြံအဖန်ပိုစ့်တွေ၊ မကောင်းသတင်းတွေရေးတာမျိုးတွေ၊ နာမည်ကြီးလာအောင် လုပ်ယူတာတွေ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ လုပ်ယူလာကြပါတယ်။ အဲ့ဒီလိုမျိုးလုပ်ရပ်တွေကြောင့် Facebook ကနေ Profile ပုံကို ဒေါင်းလုပ်ဆွဲလို့မရအောင် လုပ်နိုင်မယ့် Feature တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

ဒီလုပ်ဆောင်ချက်ကို အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီး Profile Image ကို ဒေါင်းလုပ်ဆွဲခြင်း၊ Sharing လုပ်ခြင်း နှင့် အကြောင်းအမျိုးမျိုးဖြင့် Profile ပုံကို အသုံးပြုခြင်းတို့ကို ကာကွယ်ပေးနိုင်မယ့် Protection Feature ကို ထည့်သွင်းပေးလိုက်ပါတယ်။

ဒါကြောင့် မည်သူကမျှ ကျွန်တော်တို့ရဲ့ Profile ပုံကို Tag လုပ်ပြီးကူးယူခြင်း၊ Save လုပ်ပြီးကူးယူခြင်းလုပ်လို့မရအောင် တားဆီးလို့ ရသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် တချို့တွေက Screenshot(SS) ဖမ်းပြီးကူးယူတတ်ကြပါတယ်။ ဒါကြောင့် SS နဲ့ပါ ကူးယူလို့မရအောင် Profile ရဲ့ဘေးမှာ အပြာရောင် ဘောင်ကလေးနဲ့ အနားကွပ်ထားပေးလိုက်ပါတယ်။ ၎င်းအပြာရောင်ဘောင်ကလေးကြောင့် screenshot ဖမ်းယူတဲ့သူတွေ အခက်တွေ့စေမှာဖြစ်ပါတယ်။

ဒါကြောင့် အခုပဲ Security ထဲဝင်ပြီး မိမိတို့ရဲ့ အကောင့်ကို သူများတွေ အတုလုပ်လို့မရအောင် ကာကွယ် လိုက်ရကြအောင်။

Zawgyi Font : Facebook မွ Profile Image အား ခိုးယူျခင္းမွ ကာကြယ္ႏိုင္မည့္ လုပ္ေဆာင္ခ်က္ကို ထည့္သြင္း

ယခင္က Facebook မွာ အေကာင့္တုဆိုတာ နည္းပါးခဲ့ေပမယ့္ ယခုေနာက္ပုိင္း အင္တာနက္ေတြပိုမိုအဆင္ေျပလာ၊ ဆင္းဒ္ကဒ္ေတြလည္း ေစ်းေပါလာေတာ့ Facebook လို လူမႈကြန္ရက္မီဒီယာမွာ အေကာင့္တုေတြလည္း ေန႕ခ်င္းညခ်င္း တိုးပြားလာပါေတာ့တယ္။ အေကာင့္တုေတြက သူတစ္ပါးရဲ႕ profile ပံုကို ေဒါင္းလုပ္ဆြဲယူျပီး အၾကံအဖန္ပိုစ့္ေတြ၊ မေကာင္းသတင္းေတြေရးတာမ်ိဳးေတြ၊ နာမည္ၾကီးလာေအာင္ လုပ္ယူတာေတြ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ လုပ္ယူလာၾကပါတယ္။ အဲ့ဒီလိုမ်ိဳးလုပ္ရပ္ေတြေၾကာင့္ Facebook ကေန Profile ပံုကို ေဒါင္းလုပ္ဆြဲလို႕မရေအာင္ လုပ္ႏိုင္မယ့္ Feature တစ္ခုကို မိတ္ဆက္လုိက္ပါျပီ။

ဒီလုပ္ေဆာင္ခ်က္ကို အိႏိၵယႏိုင္ငံမွာ စတင္မိတ္ဆက္လိုက္ျပီး Profile Image ကို ေဒါင္းလုပ္ဆြဲျခင္း၊ Sharing လုပ္ျခင္း ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ Profile ပံုကို အသံုးျပဳျခင္းတို႕ကို ကာကြယ္ေပးႏိုင္မယ့္ Protection Feature ကို ထည့္သြင္းေပးလုိက္ပါတယ္။

ဒါေၾကာင့္ မည္သူကမွ် ကၽြန္ေတာ္တို႔ရဲ႕ Profile ပံုကို Tag လုပ္ျပီးကူးယူျခင္း၊ Save လုပ္ျပီးကူးယူျခင္းလုပ္လို႔မရေအာင္ တားဆီးလို႔ ရသြားျပီျဖစ္ပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ေတြက Screenshot(SS) ဖမ္းျပီးကူးယူတတ္ၾကပါတယ္။ ဒါေၾကာင့္ SS နဲ႔ပါ ကူးယူလို႔မရေအာင္ Profile ရဲ႕ေဘးမွာ အျပာေရာင္ ေဘာင္ကေလးနဲ႔ အနားကြပ္ထားေပးလိုက္ပါတယ္။ ၄င္းအျပာေရာင္ေဘာင္ကေလးေၾကာင့္ screenshot ဖမ္းယူတဲ့သူေတြ အခက္ေတြ႕ေစမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အခုပဲ Security ထဲ၀င္ျပီး မိမိတို႔ရဲ႕ အေကာင့္ကို သူမ်ားေတြ အတုလုပ္လို႔မရေအာင္ ကာကြယ္ လိုက္ရၾကေအာင္။

Leave a comment

Your email address will not be published. Required fields are marked *