Facebook မှ သတင်းတုများနှင့် အကြံအဖန်ပိုစ့်များအား စစ်ဆေးဖျက်ချနိုင်မည့် လုပ်ဆောင်ချက်ထည့်သွင်း

Facebook ကနေ သတင်းတုများ၊ အကြံအဖန်ပိုစ့်များ၊ ပုံများကို စစ်ဆေးနိုင်မည့် လုပ်ဆောင်ချက်အား ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။ ထို့အပြင် Facebook Page Admin များအနေဖြင့် website link များထည့်သွင်းရာတွင် ယခင်ကဲ့သို့ Feature Image များ၊ စာသားများကို Facebook Page ပေါ်တွင် edit လုပ်ခွင့်ကို ပိတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်းတုများ၊ အကြံအဖန်ပိုစ့်များကို ဖန်တီး၍ ဝင်ငွေရှာနေသော Publisher များကို ဖယ်ထုတ်ရန် Facebook မှ ကြိုးစားဖန်တီးနေခြင်းဖြစ်ပြီး Facebook ၏ စည်းမျဉ်းဥပဒေကို ကြပ်မတ်လိုက်ခြင်း ဖြစ်သည်။ မမှန်ကန်ဟု ယူဆရသော ပိုစ့်များကို Page အတွင်းမှ ဖယ်ထုတ်သွားမည်ဖြစ်ပြီး Like လုပ်ထားသူများအားလုံး မမြင်အောင် ဖုံးကွယ်လိုက်မည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် အချို့ပိုစ့်များမှာ Page Admin မှ တင်လိုက်သော်လည်း နာရီပိုင်းအကြာတွင် ပျောက်ဆုံးသွားမည် ဖြစ်သည်။

ထို့ကြောင့် Web Publisher များအနေဖြင့် website တွင် ပုံများ၊ စာများကို သေချာစီစစ်ရန်လိုအပ်ပြီး Facebook Page ပေါ်တွင် web link အတွင်းမှ ပုံနှင့် စာသားများကို edit လုပ်ခွင့် မရတော့တာကြောင့် အထူးသတိပြုရန် လိုအပ်ပါတယ်။ ဒါ့အပြင် web အတွင်းမှာ ရှုပ်ထွေးသော ကြေငြာများ၊ new windows အနေဖြင့် browser ပေါင်းများစွာပွင့်စေသော ကြေငြာများကို ပြန်လည် ဖျက်ချရန်လိုအပ်ပါတယ်။

Credit ပေးပြီး တိုက်ရိုက်ကော်ပီကူးတင်သော Publisher များကိုလည်း Report တင်သည့်သူရှိပါက Facebook က စစ်ဆေးပြီး ပြန်လည်ဖြုတ်ချမည် ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Font : Facebook မွ သတင္းတုမ်ားႏွင့္ အၾကံအဖန္ပိုစ့္မ်ားအား စစ္ေဆးဖ်က္ခ်ႏိုင္မည့္ လုပ္ေဆာင္ခ်က္ထည့္သြင္း

Facebook ကေန သတင္းတုမ်ား၊ အၾကံအဖန္ပိုစ့္မ်ား၊ ပံုမ်ားကို စစ္ေဆးႏိုင္မည့္ လုပ္ေဆာင္ခ်က္အား ထည့္သြင္းလိုက္ေၾကာင္း သိရွိရသည္။ ထို႕အျပင္ Facebook Page Admin မ်ားအေနျဖင့္ website link မ်ားထည့္သြင္းရာတြင္ ယခင္ကဲ့သို႕ Feature Image မ်ား၊ စာသားမ်ားကို Facebook Page ေပၚတြင္ edit လုပ္ခြင့္ကို ပိတ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

သတင္းတုမ်ား၊ အၾကံအဖန္ပိုစ့္မ်ားကို ဖန္တီး၍ ၀င္ေငြရွာေနေသာ Publisher မ်ားကို ဖယ္ထုတ္ရန္ Facebook မွ ၾကိဳးစားဖန္တီးေနျခင္းျဖစ္ျပီး Facebook ၏ စည္းမ်ဥ္းဥပေဒကို ၾကပ္မတ္လိုက္ျခင္း ျဖစ္သည္။ မမွန္ကန္ဟု ယူဆရေသာ ပိုစ့္မ်ားကို Page အတြင္းမွ ဖယ္ထုတ္သြားမည္ျဖစ္ျပီး Like လုပ္ထားသူမ်ားအားလံုး မျမင္ေအာင္ ဖံုးကြယ္လိုက္မည္ဟု ထုတ္ျပန္ထားသည္။ ထို႕ေၾကာင့္ အခ်ိဳ႕ပုိစ့္မ်ားမွာ Page Admin မွ တင္လိုက္ေသာ္လည္း နာရီပိုင္းအၾကာတြင္ ေပ်ာက္ဆံုးသြားမည္ ျဖစ္သည္။

ထုိ႕ေၾကာင့္ Web Publisher မ်ားအေနျဖင့္ website တြင္ ပံုမ်ား၊ စာမ်ားကို ေသခ်ာစီစစ္ရန္လိုအပ္ျပီး Facebook Page ေပၚတြင္ web link အတြင္းမွ ပံုႏွင့္ စာသားမ်ားကို edit လုပ္ခြင့္ မရေတာ့တာေၾကာင့္ အထူးသတိျပဳရန္ လိုအပ္ပါတယ္။ ဒါ့အျပင္ web အတြင္းမွာ ရႈပ္ေထြးေသာ ေၾကျငာမ်ား၊ new windows အေနျဖင့္ browser ေပါင္းမ်ားစြာပြင့္ေစေသာ ေၾကျငာမ်ားကို ျပန္လည္ ဖ်က္ခ်ရန္လိုအပ္ပါတယ္။

Credit ေပးျပီး တိုက္ရုိက္ေကာ္ပီကူးတင္ေသာ Publisher မ်ားကိုလည္း Report တင္သည့္သူရွိပါက Facebook က စစ္ေဆးျပီး ျပန္လည္ျဖဳတ္ခ်မည္ ျဖစ္ေၾကာင္း သိရွိရသည္။

Leave a comment

Your email address will not be published. Required fields are marked *