FedEx ကုမ္ပဏီက Amazon ကုမ္ပဏီနှင့် လက်တွဲဖြုတ်မည်ဖြစ်ကြောင်းပြောကြား

E-commerce လောကမှာ နာမည်ကြီးတဲ့ FedEx သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးဟာ Amazon ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံအတွင်း သယ်ယူပို့ဆောင်မှုလုပ်ငန်းကို ရပ်တန့်တော့မှာဖြစ်ကြောင်း ဇွန်လ ၇ရက် သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ FedEx ဟာ ကုန်ပစ္စည်းတွေကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ကမ္ဘာ့ အနှံ့သို့ပို့ဆောင်ပေးနေ တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ FedEx ကုမ္ပဏီဟာ Amazon ကုမ္ပဏီနှင့် လက်တွဲပြီးအလုပ်လုပ်နေတာ နှစ် အ တော်ကြာခဲ့ပြီးဖြစ်ပါတယ်။ သို့သော် E-commerce ဈေးကွက် တိုးတက်ရေးအတွက် ရှေးရှုပြီး အခုလို့ Amazon ကုမ္ပဏီနှင့် လက်တွဲဖြုတ်တာဖြစ်တယ်လို့ သိရပါတယ်။

FedEx ကုမ္ပဏီ၏ပြောကြားချက်အရ နောက်ပိုင်းခေတ်တွေမှာ E-commerce ဈေးကွက်ဟာ အလွန်ကိုဖွံ့ဖြိုး လာ တော့မှာဖြစ်ပါတယ်။အမေရိကန်တွင် ပို့နေရတဲ့ အထုပ်အရေအတွက်ဟာ နေ့စဉ်နှင့်အမျှ တိုးပွားနေတာဖြစ်ပါတယ်။ ထို့ကြောင်း ၂၀၂၆ ခုနှစ်မှာ အမေရိကန် တစ်ခုတည်းမှာပဲ အထုပ်ပေါင်း သန်း၅၀မှ သန်း၁၀၀အထိ ရှိလာနိုင် တယ်လို့ ခန့်မှန်းထားတာဖြစ်တဲ့အတွက် FedEx ကုမ္ပဏီဟာ အနာဂတ်မှာ လက်လီရောင်းချသူများနှင့်သာ အလုပ် လုပ်သွားမှာဖြစ်ပြီး E-commerce ဈေးကွက်ကို ဦးဆောင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

FedEx ကုမ္ပဏီ၏ပြောပြချက်အရ Amazon နဲ့ သူတို့ သဘောတူထားတဲ့စာချုပ်ဟာ ဇွန် ၃၀မှာ ကုန်ဆုံးမှာဖြစ်ပြီး ထို စာချုပ်ကို သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး။ အခုလို Amazon နဲ့ လက်တွဲဖြုတ်ရတဲ့အတွက် နိုင်ငံတကာ ဝန် ဆောင်မှုလုပ်ငန်းကိုထိခိုက်စေမှာ မဟုတ်သလို Amazon နဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း ထိခိုက်မှု မရှိ သလို အခြားသော FedEx နှင့်တွဲလုပ်နေတဲ့ ကုမ္ပဏီတွေကိုလည်းထိခိုက်စေမှာ မဟုတ်ပါဘူး။ ထို့အပြင် Amazon မှရတဲ့ တစ်လဝင်ငွေဟာ FedEx ကုမ္ပဏီရဲ့ တစ်လဝင်ငွေရဲ့ ၁.၃% သာရှိတဲ့အတွက် FedEx ကုမ္ပဏီ အတွက် လည်း ထိခိုက်မှုမရှိသလို အခြားသော လက်လီရောင်းချသူများနှင့် ပိုမိုလက်တွဲအလုပ်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် အခုလိုဆုံးဖြတ်ရတာဖြစ်ကြောင်း သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *