Chloe Grace Moretz နဲ့ ရုပ်ချင်းတူလို့ အင်တာနက်မှာ နာမည်ကြီးလာသူ ဖိလစ်ပိုင်ကျောင်းသူလေး

ကလေးသရုပ်ဆောင်ကနေ နာမည်ကျော် ဟောလီးဝုဒ်မင်းသမီးတစ်ယောက် ဖြစ်လာခဲ့သူ Chloe Grace Moretz ကို Sunthit Myanmar စာဖတ်သူတွေ ကောင်းကောင်းသိနေမယ်ထင်ပါတယ်။ အခု သူမနဲ့ အတော်လေးကို ရုပ်ချင်းဆင်တူနေတဲ့ ဖိလစ်ပိုင်ကျောင်းသူလေးတစ်ဦးဟာ အင်တာနက်စာမျက်နှာပေါ်မှာ တော်တော်လေးကို ရေပန်းစားနေရတယ်လို့ သိရှိထားရပါတယ်။

Edcell Ched ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ရှိ ဖိလစ်ပိုင်နိုင်ငံသူလေးဟာ Malabon တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သာမာန်မိန်းကလေးတစ်ဦးသာဖြစ်ပေမယ့် သူရဲ့ရုပ်ရည်ကို မင်းသမီးချော Chloe Grace Moretz နဲ့ ဆင်တူနေတယ်လို့ ခိုင်းနှိုင်းမိခဲ့ရာကနေ တစ်စတစ်စနဲ့ နာမည်ကျော်သွားခဲ့တာဖြစ်ပါတယ်။ Ched ကို သူမရဲ့သူငယ်ချင်းတွေက မင်းသမီး Chloe နဲ့ အရမ်းဆင်တယ်လို့ အရင်ကတည်းက ပြောထားခဲ့ဖူးပေမယ့် Ched ကိုယ်တိုင် Chloe က ဘယ်သူလဲဆိုတာတောင် မသိရှိခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ Jollibee ဆိုင်အတွင်းမှာ အလုပ်လုပ်နေတဲ့ Ched ကို စားသုံးသူတစ်ဦးက မင်းသမီး Chloe နဲ့တူလွန်းလို့ဆိုပြီး ဓါတ်ပုံရိုက်ကာ အင်တာနက်စာမျက်နှာပေါ်ကို တင်ခဲ့လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး Ched ရဲ့ကျော်ကြားမှုဟာ အရှိန်မြင့်သွားခဲ့ပါတယ်။

Ched ရဲ့ကျော်ကြားမှုက ဘယ်လောက်အထိကို အရှိန်မြင့်သွားခဲ့သလဲဆိုတော့ မင်းသမီး Chloe သိရှိသွားတဲ့အထိတောင်အောင်ပါပဲ။ Chloe မှာလည်း သူနဲ့အတော်လေးကို ရုပ်ချင်းဆင်နေသူကို အမှတ်မထင်တွေ့လိုက်ရလို့ အရမ်းကိုအံသြဝမ်းသာမိကြောင်း သူမရဲ့တွစ်တာပေါ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။ မိသားစုအခက်အခဲကြောင့် တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့ Ched လေးဟာ ဆရာမတစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိနေသူဖြစ်ပြီး အခုလို Chloe နဲ့ ဆင်နေမိတဲ့ ရုပ်ရည်ကြောင့် သူမလိုချင်တဲ့ အောင်မြင်မှုတွေရရှိဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။

Zawgyi Font : Chloe Grace Moretz နဲ႔ ရုပ္ခ်င္းတူလုိ႔ အင္တာနက္မွာ နာမည္ႀကီးလာသူ ဖိလစ္ပုိင္ေက်ာင္းသူေလး

Edcell-Ched-Chloe-Moretz

ကေလးသရုပ္ေဆာင္ကေန နာမည္ေက်ာ္ ေဟာလီးဝုဒ္မင္းသမီးတစ္ေယာက္ ျဖစ္လာခဲ႔သူ Chloe Grace Moretz ကုိ Sunthit Myanmar စာဖတ္သူေတြ ေကာင္းေကာင္းသိေနမယ္ထင္ပါတယ္။ အခု သူမနဲ႔ အေတာ္ေလးကုိ ရုပ္ခ်င္းဆင္တူေနတဲ႔ ဖိလစ္ပုိင္ေက်ာင္းသူေလးတစ္ဦးဟာ အင္တာနက္စာမ်က္ႏွာေပၚမွာ ေတာ္ေတာ္ေလးကုိ ေရပန္းစားေနရတယ္လုိ႔ သိရွိထားရပါတယ္။

Edcell Ched ဆုိတဲ႔ အသက္ႏွစ္ဆယ္အရြယ္ရွိ ဖိလစ္ပုိင္ႏုိင္ငံသူေလးဟာ Malabon တကၠသုိလ္မွာ ပညာသင္ၾကားေနတဲ႔ သာမာန္မိန္းကေလးတစ္ဦးသာျဖစ္ေပမယ့္ သူရဲ႕ရုပ္ရည္ကုိ မင္းသမီးေခ်ာ Chloe Grace Moretz နဲ႔ ဆင္တူေနတယ္လုိ႔ ခုိင္းႏႈိင္းမိခဲ့ရာကေန တစ္စတစ္စနဲ႔ နာမည္ေက်ာ္သြားခဲ႔တာျဖစ္ပါတယ္။ Ched ကုိ သူမရဲ႕သူငယ္ခ်င္းေတြက မင္းသမီး Chloe နဲ႔ အရမ္းဆင္တယ္လုိ႔ အရင္ကတည္းက ေျပာထားခဲ႔ဖူးေပမယ့္ Ched ကုိယ္တုိင္ Chloe က ဘယ္သူလဲဆုိတာေတာင္ မသိရွိခဲ႔ပါဘူး။ ဒီလုိနဲ႔ တစ္ေန႔မွာေတာ့ Jollibee ဆုိင္အတြင္းမွာ အလုပ္လုပ္ေနတဲ႔ Ched ကုိ စားသုံးသူတစ္ဦးက မင္းသမီး Chloe နဲ႔တူလြန္းလုိ႔ဆုိၿပီး ဓါတ္ပုံရုိက္ကာ အင္တာနက္စာမ်က္ႏွာေပၚကုိ တင္ခဲ႔လုိက္ပါတယ္။ အဲ႔ဒီေနာက္ပုိင္းကစၿပီး Ched ရဲ႕ေက်ာ္ၾကားမႈဟာ အရွိန္ျမင့္သြားခဲ႔ပါတယ္။

Ched ရဲ႕ေက်ာ္ၾကားမႈက ဘယ္ေလာက္အထိကုိ အရွိန္ျမင့္သြားခဲ႔သလဲဆုိေတာ့ မင္းသမီး Chloe သိရွိသြားတဲ႔အထိေတာင္ေအာင္ပါပဲ။ Chloe မွာလည္း သူနဲ႔အေတာ္ေလးကုိ ရုပ္ခ်င္းဆင္ေနသူကုိ အမွတ္မထင္ေတြ႕လုိက္ရလုိ႔ အရမ္းကုိအံၾသဝမ္းသာမိေၾကာင္း သူမရဲ႕တြစ္တာေပၚမွာ ေရးသားေဖာ္ျပထားခဲ႔ပါတယ္။ မိသားစုအခက္အခဲေၾကာင့္ တစ္ေယာက္တည္းရုန္းကန္လႈပ္ရွားေနရတဲ႔ Ched ေလးဟာ ဆရာမတစ္ေယာက္ျဖစ္လာဖုိ႔ ဆႏၵရွိေနသူျဖစ္ၿပီး အခုလုိ Chloe နဲ႔ ဆင္ေနမိတဲ႔ ရုပ္ရည္ေၾကာင့္ သူမလုိခ်င္တဲ႔ ေအာင္ျမင္မႈေတြရရွိဖုိ႔ နီးစပ္ေနၿပီပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

Leave a comment

Your email address will not be published. Required fields are marked *