Unicode : Game of Thrones’ ဇာတ်လမ်းတွဲ မှ Jon Snow သင်ခန်းစာများ
games of throne
Game of Thrones’ Jon Snow ဆိုရင် ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ နာမည်ကြီးဇာတ်ကောင်ပဲဖြစ်ပါတယ်။ သူဟာ ဉာဏ်ကောင်း၊ဆွဲဆောင်မှုရှိပြီး တိုက်ခိုက်နိုင်စွမ်းအပြည့်အဝနဲ့ပါ။
ဇာတ်လမ်းတွဲထဲက လုပ်ဆောင်ခဲ့တဲ့ အရာတွေက သင့်လက်တွေ့ဘဝမှာပါ သုံးလို့ရတဲ့ သင်ခန်းစာတွေပါပါတယ်။ ကဲဘယ်လိုသင်ခန်းစာတွင် ရမလဲကြည့်လိုက်ရအောင်။
သူငယ်ချင်းမရှိတဲ့ လူများနှင့် မိတ်ဖွဲ့ပါ။
ဒီကားထဲမှာ Jon ဟာ Samwell နဲ့မိတ်ဖွဲ့ခဲ့ပါတယ်။ ဒါက အစပိုင်းမှာ ဘာကြောင့် ဒီလိုလူနဲ့ မိတ်ဖွဲ့ရသလဲလို့ ထင်နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အမှန်ကန်ဆုံး အလုပ်ပါပဲ။ သူ့မှာတခြား သူငယ်ချင်းမရှိတဲ့အတွက် သူ့သစ္စာတရားကတော့ ဘယ်သူနဲ့မှ မယှဉ်နိုင်ပါဘူး။ နောက်ကျောကို ဓါးနဲ့မထိုးခဲ့ပါဘူး။ ဒါဟာ Jon အတွက် အားသာချက်တစ်ခုလိုဖြစ်လာပြီး တကယ်လိုအပ်တဲ့ ရဲဘော်ကောင်းတစ်ယောက်ရလာသလိုပါ။ ဒါကြောင့် သင့်အနေဖြင့်လည်း ထိုကဲ့သို့ သင့်ဘဝအတွက် အကျိုးရှိစေမယ့်လူမျိုးကို ရွေးချယ်အပေါင်းအသင်းဖွဲ့သင့်ပါတယ်။
ခက်ခဲတဲ့အချိန်မှာတောင် ရွေးချယ်မှုမှန်ကန်ပါစေ။
Jon အနေဖြင့် Wildings တွေကို ကယ်တင်ခဲ့ပါတယ်။ ရန်သူဖြစ်တဲ့ Wildings ကိုကယ်တင်ခဲ့တယ်ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါ။ သူများတွေ လုပ်ဖို့မစဉ်းစားတဲ့အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်ပြီး နောက်အခါမှ အလွန်အကျိုးရှိလာပါတယ်။ အားလုံးက သူကို မလုပ်ဖို့တားမြစ်နေတဲ့အချိန်မှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ သူအတွက် အမှန်တကယ်ပင် အကျိုးရှိလာခဲ့ပါတယ်။
ဆိုးရွားတဲ့အတိတ်ကိုလက်ခံခြင်း
ဘယ်သူမှ လူဆိုးမဖြစ်ချင်ပါဘူး။ ဒါပေမယ့် Joh ဟာ ဒါကို လက်ခံပြီး The Nights Watch ကို ရောက်ခဲ့ပါတယ်။ ထိုမှ တစ်ဆင့် အားလုံးကို ဦးဆောင်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်သူမဆို မဖြစ်ချင်တဲ့အရာကို ကြိုးစားပြီးမလုပ်ခြင်းပါ။ သို့သော် Jon အနေဖြင့် ရောက်ရာနေရာမှာ ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာတွေးပြီး Lord Commander တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ခြင်းပင်ဖြစ်သည်။
Jon အနေနဲ့လည်း ထိုသင်ခန်းစာတွေကို လွယ်လွယ်နဲ့ သင်ယူခဲ့ရခြင်းမဟုတ်ပါဘူး။ ဇာတ်လမ်းတစ်လျှောက် အခက်အခဲတွေ ကြားကနေ ထွန်းတောက်လာခဲ့သူပဲဖြစ်ပါတယ်။
ကဲ သင်ကော ဇာတ်လမ်းတွဲတွေကနေ ဘယ်လို သင်ခန်းစာတွေ သင်ယူပြီးပြီလဲ။
Leave a comment
Your email address will not be published. Required fields are marked *