သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပြီးပါက ချောင်းဆုံ-မော်လမြိုင် လိုင်းကား အစီးရေ ၁၃၀ ကျော် စတင် ပြေးဆွဲမည်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) တို့ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ဖွင့်ပြီးပါက ချောင်းဆုံ-မော်လမြိုင် လိုင်းကားများ စတင်ပြေးဆွဲမည်ဟု သိရှိရသည်။ ချောင်းဆုံဘက်တွင် ကားအစီးရေ ၁၇၀ ရှိသော်လည်း တံတားစတင်ဖွင့်လှစ်ချိန်တွင် အစီးရေ ၁၃၀ သာ ပြေးဆွဲမည်ဟု သိရှိရသည်။

ထို့အပြင် ချောင်းဆုံ ဘက်၌ ကားဂိတ်မရှိသေးသဖြင့် ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်ရှိ စုပေါင်းရုံးဈေး နေရာတွင် ညှိနှိုင်း၍ ယာဉ်များ ယာယီရပ်နားရန် စီစဉ်မယ်လို့ သိရှိရပါတယ်။ သံလွင်တံတား (ချောင်းဆုံ) ကို ဧပြီလ ပထမအပတ်တွင် ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ဖြင့် ဖွင့်လှစ်မည်ဟု သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *