George Clooney ၏နာမည်ကို အလွဲသုံးစားလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အီတလီနိုင်ငံသား(၂)ဦးအားဖမ်းမိ

နာမည်ကြီး Hollywood ရုပ်ရှင်မင်းသားကြီး George Clooney ၏နာမည်ကို အလွဲသုံးစားလုပ်ပြီး ထွက်ပြေး တိမ်း ရှောင်နေတဲ့ အီတလီနိုင်ငံသား၂ ဦးကို ဇွန်လ ၁၅ရက် စနေနေ့က ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အသက် ၅၈နှစ်အရွယ်ရှိ Francesco Galdelli နှင့် အသက် ၄၅နှစ်အရွယ်ရှိ Vanja Goffi တို့ဟာ ၂၀၁၀ခုနှစ်တုန်းက George Clooney ၏နာမည်ကို အလွဲသုံးစားလုပ်မှုဖြင့် အီတလီတွင် တရားစွဲဆိုခြင်းခံခဲ့ရသူများဖြစ်ပါတယ်။

သူတို့၂ဦးဟာ အမှုကိုရင်မဆိုင်ပဲ အီတလီမှထွက်ပြေးတိမ်းရှောင်နေတာကြောင့် ၂၀၁၃ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အနီရောင်အဆင့်အဖြစ်သတ်မှတ်ကာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။”မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ” ဟု ဆိုသလို အခုတော့ ဖမ်းမိခဲ့ပြီးဖြစ်ပါတယ်။ သူတို့(၂)ဦးကို ထိုင်းနိုင်ငံ Pattaya မြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲတွင် ထိုင်းရဲများ၏သတင်းပေးမှုကြောင့် ထိုင်းရဲများနှင့် အီတလီရဲများ ပူပေါင်းကာ ဖမ်းခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အီတလီနိုင်ငံသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သူတို့၂ ဦးဟာ ထိုင်းနိုင်ငံတွင် Rolex နာရီအတုကို ရောင်းဝယ်မှု ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ထိုင်းအာဏာပိုင်များ၏ ပြောပြချက်အရ သူတို့၂ဦးဟာ ၂၀၁၄ခုနှစ်ကတည်းက ထိုင်း နိုင်ငံကို ရောက်ရှိနေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ယခုလက်ရှိမှာတော့ သူတို့၂ဦးဟာ နာမည်အလွဲသုံးစား လုပ်မှုအပြင်၊ ဗီဇာကျော်လွန်ပြီး ပြည်ပတွင်နေထိုင်မှုနှင့် လိမ်လည်မှုတို့ကိုပါ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *