မက္ကစီကို နယ်စပ်ကို ဒေါနယ်ထရမ့် မှ တံတိုင်းကာ ဖြစ်မည်ဆိုလျှင် ဂျာမန်ကုမ္ပဏီတစ်ခုမှ ဘိလပ်မြေသွင်းရန် ပြင်ဆင်

အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော ဒေါ်နယ်ထရမ့်သည် မက္ကစီကို နယ်စပ်ကို တံတိုင်းကာ၍ အထာက်အထား မခိုင်လုံသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃သန်းခန့်အား ပြည်နှင်ဒဏ်ပေးမည်ဟုတ်ပြောခဲ့သည်။ ထိုကဲ့သို့ တံတိုင်းကာမည့် အစီအစဉ်ကြောင့် ရင်းနှီးမြှုပ်နှံသူများဟာ ထရမ့်ရဲ့ တည်ဆောက်ရေးအစီအစဉ်ကို လွန်စွာစိတ်ဝင်စားလျက်ရှိပြီး ထို တံတိုင်းကာမည့် ပရောဂျက်တွင် စီးပွားရေးလုပ်လိုသူများလည်း ရှိလျက်ရှိသည်။

ထို့ကြောင့် ဂျာမန်ကုမ္ပဏီတစ်ခုမှ ထရမ့်၏ တံတိုင်းခတ်မည့် အစီအစဉ်ကို စိတ်ဝင်စားလျက်ရှိပြီး အကယ်၍များ တံတိုင်းကာမည့် အစီအစဉ် ဖြစ်ခဲ့လျှင် ဘိလပ်မြေတင်သွင်းလိုကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အဆိုပါ နယ်စပ်တံတိုင်းခတ်မည့် အစီအစဉ် အကြောင့် ဒေါ်နယ်ထရမ့်မှာ လူမုန်းများခဲ့ပြီး ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေကတော့ မက္ကစီကို နယ်စပ်တံတိုင်းကာမည့် အစီအစဉ်ကို စိတ်ဝင်စားလျက်ရှိပါတယ်။

 

mexico-us-border

Leave a comment

Your email address will not be published. Required fields are marked *