Google က အသစ်ထွက်ရှိမည့် Android OS အမည်ကို ပြောင်းလဲတော့မည်

ဩဂုတ်လ ၂၂ရက်နေ့တွင် Google က နောက်ထွက်မယ့် Android Q နဲ့ ပတ်သက်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အရင်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Google ရဲ့ နောက်ထွက်မယ့် Android OS နာမည်က Q နဲ့စမည်ဆိုတာ အားလုံးသိထားကြပြီးဖြစ်ပါတယ်။ သို့သော် အမှန်တကယ် Google ကမိတ်ဆက်လိုက်တဲ့ အခါမှာတော့ Android Q မဟုတ်တော့ပဲ Android 10 ဆိုပြီး ထွက်လာမှာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

Google ဟာ Android OS ရဲ့နာမည်ကို အချိုပွဲမှာသုံးတဲ့ အသုံးအနှုန်းတွေကို အသုံးပြုလာခဲ့တာ နှစ်အတော် ကြာ ခဲ့ပြီးဖြစ်ပါတယ်။သို့သော် ယခုနောက်ဆုံးထွက်မယ့် OS ကိုတော့ အချိုပွဲအမျိုးအမည်တွေကို မသုံးတော့ပဲ နံပါတ်အသွင် ကို ပြောင်းလဲလိုက်ပြီးဖြစ်တဲ့အပြင် နောက်ထပ်ထွက်ရှိမယ့် OS တွေကိုလည်း နံပါတ်အစဉ်အတိုင်းသာ ထုတ် တော့မှာ ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

Google ရဲ့ ပြောပြချက်အရ အချိုပွဲနာမည်များကိုအသုံးပြုခြင်းဟာ နည်းပညာလောကနှင့်လည်း ကိုက်ညီမှုမရှိသလို သုံးစွဲသူများအတွက်လည်း ခေါ်ဆိုရခက်စေပါတယ်။ လူတိုင်းဟာ အချိုပွဲနာမည်တွေအားလုံးကို မသိနိုင်တဲ့အပြင် “L” နှင့် “R” တို့ ကဲ့သို့ အသံထွက်တူနေတဲ့ စာလုံးတွေကို သုံးလာတဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ ခေါ်ဆိုရခက်ခဲတဲ့ ပြ ဿနာတွေ ရှိနေတာကို တွေ့ရှိလာရပါတယ်။ ထို့ကြောင့် အချိုပွဲနာမည်တွေ သုံးစွဲခြင်းကို ရပ်တန့်လိုက်ကာ နည်းပညာ လောကနဲ့ အကိုက်ညီဆုံးဖြစ်သလို သုံးစွဲသူတွေအားလုံးအတွက် အဆင်ပြေစေမယ့် ကိန်းဂဏန်းကိုပဲ ပြောင်းလဲခေါ် တွင် စေခဲ့တာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

Google ဟာ Android 10 ဟု ပြောင်းလဲခဲ့တဲ့အပြင် Android ရဲ့ Logo ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ အရင်ကလို စက်ရုပ်တစ်ကိုယ်လုံးမဟုတ်တော့ပဲ ပုံထဲကအတိုင်း အင်တာနာနှစ်ချောင်းရယ် မျက်လုံးအဝိုင်းနှစ်လုံးရယ်သာပါတဲ့ အစိမ်းရောင်စက်ရုပ်ခေါင်းလေး ဖြစ်သွားပြီဖြစ်ပါတယ်။ အခုလို Google က Android အပေါ်ပြောင်းလဲမှုတွေအတွက် အသုံးပြုသူတချို့ကတော့ ဝေဖန်ပြောဆိုနေကြပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published.