Google က အမေရိကန် ရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားက YouTube နဲ့ Gmail တွေမှာ သူတို့နဲ့ ပတ်သက်မှု ရှိနေတဲ့ကြောငြာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရုရှားက ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ကို လွှမ်းမိုးမှုရအောင် သူတို့က ပလက်ဖောင်းတစ်ခုကို အသုံးပြုဖို့အတွက် ဈေးအပြိုင်ပေးခဲ့ ကြတာကို Google က သူ့ဆီမှာတက်လာတဲ့ အစီရင်ခံစာရဲ့ သက်သေအရ ရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။ ၀ါရှင်တန်ရဲ့ သတင်းတစ်ခုအရ ကြီးမားတဲ့နည်းပညာတစ်ခုက ရုရှားစစ်ဆင်ရေးတစ်ခုက ဒေါ်လာထောင်နဲ့ ချီတဲ့ငွေပမာဏကို You Tube Gmail နဲ့ Google search engine နဲ့အခြားသော ထုတ်ကုန်တွေမှာ ကြော်ငြာဖို့အတွက် ၄င်းငွေကြေးကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးက ခရင်မလင် ရဲ့ သတင်းအမှား ထုတ်ပြန်တဲ့ ကျယ်ပြန့်တဲ့ ကမ်ပိန်းတစ်ခုလို့ ထောက်ပြထားပြီး သံသယဖြစ်မှုတွေကတော့ ဖေ့ဘွတ်မှာ ကြောငြာတင်ဖို့အတွက် ၀ယ်ယူထားတာလည်းရှိနေပါတယ်။ Google ရဲ့စကားလုံးရှာဖွေရေး ကုပ္ပဏီ က အွန်လိုင်းကြောငြာဝန်ဆောင်မှု စီးပွားရေးလုပ်ဆောင်နေပြီး You Tube ဆိုရင် ကမ္ဘာ့အကျယ်ပြန့်ဆုံး ဗွီဒီယို ဌာနတစ်ခုလည်းဖြစ်ပါတယ်။

ကုပ္ပဏီတွေတော့ ဒီထုတ်ပြန်ချက်တွေအတွက် ချက်ခြင်းတုန့်ပြန်တာတော့မရှိပါဘူး။ ရုရှားဟာ နိုင်ငံခြားမှာရှိတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို လွှမ်းမိုးဖို့ အတွက် သူ့ရဲ့ ပလက်ဖောင်းကို အသုံးပြုခဲ့တယ်ဆိုတဲ့ အကြံပြုချက်ကို အရင်တုန်းကလည်း Google က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းစစ်ချက်တွေကို ပြန်လည် ဖတ်ရှုလိုက်တဲ့အခါမှာ သတင်းအရင်းအမြစ်တွေအရ ကုပ္ပဏီက ရရှားဟာ ဒီအရင်းအမြစ်တွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အလားအလာရှိနိုင်ပြီး ကြော်ငြာအတွက် ဒေါ်လာ ၁ သိန်း အသုံးပြုထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

တွစ်တာနဲ့ ဖေ့ဘွတ်ကတော့ ရရှားက ကြောငြာတွေဝယ်ယူခဲ့ပြီး သူတို့ရဲ့ ပလက်ဖောင်းမှာ အကောင့်တွေအများကြီးရှိတယ်လို့လည်း ပြောပါတယ်။ အင်တာနက် သုတေသန အေဂျင်စီ အရ ဖေ့ဘွတ်ရဲ့ အစီရင်ခံစာမှာ ရရှားအဖွဲ့ကနေပြီးတော့ ဒေါ်လာ ၁ သိန်း အသုံးပြုထားတာကို တွေ့ခဲ့ရပါတယ်။ အစီရင်ခံစာမှာ ဒီအချက်ကိုတွေ့ရှိပြီးတဲ့အချိန်မှာပဲ ညီလာခံက ရရှားဟာ အမေရိကန်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ၀င်ရောက်နှောင့်ယှက်ခဲ့ခြင်းရှိမရှိ စုံစမ်းမှုပေါင်းစုံ ပြုလုပ်သွားဖို့ စတင်လိုက်ပါတယ်။ နောက်ပြီးဒါကိုနှစ်ဖက်လုံးက ဥပဒေပြုသူတွေက ရုရှားဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ဖက်ကို လူတွေ မဲထည့်လာအောင် လုပ်ဆောင်တာဟာ ရုရှားက ၀ါဒဖြန့်နေတာဖြစ်ပြီး အမေရိကန်တွေကြားမှာ စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။  ဖေ့ဘွတ် ရဲ့ ရရှိလာတဲ့အချက်အလက်တွေအပေါ်အခြေခံပြီး အမေရိကန်အထက်လွှတ်တော်နဲ့ အစိုးရကော်မတီ အဖွဲ့တွေက နိုဝင်ဘာလ ၁ ရက်နေ့မှာ Google ရဲ့ အရာရှိတွေက သက်သေထွက်ဆိုမှာကို ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *