Google က Stadia ဂိမ်းဝန်ဆောင်မှု နဲ့ ဂိမ်းလောကကြီးကို ချုပ်ကိုင်တော့မယ်

မတ်လ ၂၀ရက်နေ့မှာ Google ကုမ္ပဏီက ဂိမ်း လောကကို တုန်လှုပ်သွားစေမယ့် Stadia ဂိမ်းဝန်ဆောင်မှု Service ကြီးကို ချပြလိုက်ပါတယ်။ Service ရဲ့ နာမည်ကတော့ Stadia Games and Entertainment ပဲဖြစ်ပါ တယ်။ဂိမ်းကစားသူတွေအနေနဲ့ ဂိမ်းဆော့ဖို့အတွက် ကွန်ပျူတာ ကောင်းကောင်းတစ်လုံးရှိဖို့ မလိုတော့ပါဘူး။ ဂိမ်း ဆော့ဖို့အတွက် မိမိကြိုက်နှစ်သက်ရာ ကွန်ပျူတာ တစ်လုံး၊ Internet လိုင်းကောင်းကောင်းနဲ့ Stadia အကောင့်တစ်ခု ရှိဖို့ပဲလိုအပ်တော့မှာ ဖြစ်ပါတယ်။ပုံရိပ်ပြတ်သားထင်ရှားဖို့ အတွက်ကတော့ မိမိအသုံးပြုတဲ့ကွန်ပျူတာ မျက်နှာပြင် အပေါ်မှာပဲ မူတည်တော့မှာဖြစ်ပါတယ်။ တိုက်ရိုက်လွှင့်နိုင်တဲ့ Live Stream Service လည်းပါဝင်တာ ဖြစ်တဲ့ အတွက်ဂိမ်းဆော့ရင်း Live လွှင့်ချင်တဲ့လူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

လက်ကိုင်ဖုန်း၊တက်ဘလက် ၊ကွန်ပျူတာဝင်ဒိုး ၊ Apple ကွန်ပျူတာအစရှိတဲ့ ဘယ်လို Device မျိုးတွင်မဆို မိမိ ကြို က် နှစ်သက်ရာဂိမ်းကိုကစားနိုင်မှာဖြစ်တဲ့အပြင် AI နည်းပညာကိုလည်း ထည့်သွင်းထားတဲ့ အတွက် Command ပေးပြီး ခိုင်းလို့ရမှာဖြစ်ပါတယ်။ဂိမ်းဆော့ဖို့အတွက် မိမိရဲ့ စက်အလေးခံပြီး Software Install လုပ်ရတာတွေ Data တွေ သိမ်းထားရတဲ့ ဒုက္ခတွေကို Stadia က ဖြေရှင်းပေးလိုက်တာဖြစ်ပါတယ်။ Stadia ပေါ်က Friends တွေနဲ့ ချိတ် ဆက် နိုင်ဖို့အတွက်လည်း Chat Box ပါဝင်မှာဖြစ်ပြီး Voice Chat ကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Story Game တွေဆော့တဲ့ လူတွေ အတွက်လည်း အဖြေရှာမရတဲ့ အခြေအနေမှာ Game ကထွက်ပြီး Youtube မှာ သွားကြည့်စရာမလိုတော့ပဲ Game ထဲကနေပဲ Youtube ကိုကြည့်နိုင်မှာဖြစ်ပြီး ကြည့်ပြီးလျှင်လည်း Play Button ကိုနှိပ်လိုက်တာနဲ့ မိမိကစားနေတဲ့ နေရာကိုပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။ Stadia က Gaming Service နဲ့ အတူ Stadia Controller ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Stadia Controller ဟာ မည်သည့် Device မျိုးနဲ့ မဆိုချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Stadia အကောင့်နဲ့ ဆော့မယ်ဆိုရင် Controller Software သွင်း စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုလို Google က Stadia Gaming Service ကို ပြုလုပ်လိုက်တာဟာ ဂိမ်းလောကကို အပြောင်းအလဲ တစ်ခု ပြုလုပ် လိုက်တာဖြစ်သလို အခုလက်ရှိမှာ အသုံးပြုနေကြတဲ့ Steam တို့လို ဂိမ်းဝန်ဆောင်မှုတွေ အတွက်တော့ မျက်ခုံးလှု ပ်စရာကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ StadiaကိုUK၊USA၊Canadaတို့မှာ ပထမဦးစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source : Google

Leave a comment

Your email address will not be published. Required fields are marked *