Google ရဲ့ Titan Security Key ကို ဝယ်ယူလို့ရပြီ

ယခင်နှစ် Google က မိတ်ဆက်ခဲ့တဲ့ Google’s Titan two-factor authorization security key ကို ယခု အချိန်မျာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊ယူကေ နှင့် ပြင်သစ် တို့ရှိ Google Online stores များတွင်ပါ ဝယ်ယူ ရရှိနိုင်ပြီးဖြစ်ပါတယ်။ ဒါဟာ လုံခြုံရေးကို အဓိကအသုံးပြုဖို့လိုအပ်နေတဲ့ လုပ်ငန်းရှင်များအတွက် သတင်းကောင်း တစ်ခု ဖြစ်ပါတယ်။

Google ရဲ့ Titan security key ဟာ မိမိရဲ့ Gmail Account လုံခြုံရေး၊ Google Cloud လုံခြုံရေးများကို အဆင့် မြှင့်တင်လို့ရမှာဖြစ်တဲ့အတွက် မိမိရဲ့ အရေးကြီး Data များကို ထိန်းသိမ်းဖို့အတွက် အလွန်အသုံးဝင်တဲ့ Key တစ်ခုပဲ ဖြစ်ပါတယ်။ထိုKeyကို USB၊ NFC နှင့် Bluetooth တို့ဖြင့် မိမိရဲ့ ဖုန်း (သို့မဟုတ်) Computer များတွင် ချိတ်ဆက် ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Google Security Key ရဲ့ ရောင်းဈေးတွေကတော့ အမေရိကား မှာ $50 ၊ ကနေဒါမှာ $49 ဝန်းကျင် ၊ ဂျပန်မှာ $56 ဝန်းကျင် ၊ ပြင်သစ်မှာ $61 ဝန်းကျင် နှင့် ယူကေမှာ ပေါင် £50 ရှိပြီး သယ်ယူပို့ဆောင်စရိတ်ငြိမ်း ဝယ်ယူ ရ ရှိနိုင်မှာဖြစ်ပါတယ်။

Source : The Verge News

Leave a comment

Your email address will not be published. Required fields are marked *