လန်ဒန်မြို့ရှိ Grenfell တာဝါ မီးလောင်မှု နောက်ဆက်တွဲသတင်း

ဇွန်လ ၁၄ရက်မှာ လန်ဒန်မြို့ရှိ ၂၇ထပ် အမြင့်ရှိ Grenfell တာဝါကြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားများဟာ မီးလောင်ချိန်မှစ၍ ၁၂နာရီကျော်သည့်တိုင်အောင် မီးကို ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ အဆောက်အဦထဲမှာ ပိတ်မိနေသူများအား ကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း အခက်အခဲဖြစ်ခဲ့ကြောင်းသိရှိရသည်။ တိုက်ပေါ်မှခုန်ချသူများနှင့် ပြုတ်ကျလာသူများလဲရှိနေတယ်လို့ မျက်မြင်သက်သေတွေကပြောကြားခဲ့ပါတယ်။

၂၇ထပ်မြင့်ပြီး တိုက်ခန်းပေါင်း ၁၂၀ပါဝင်တဲ့ Grenfell တာဝါဟာ ဒုတိယထပ်မှစ၍ထိပ်ဆုံးထပ်ထိ တစ်နေမှ မကျန်အောင် လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။ ဒီမီးလောင်မှုကို မီးသတ်ကား အစီး၄၀နှင့် မီးသတ်သမား ၂၀၀တို့ ကိုစေလွှတ် ပြီးမီးငြိမ်းအောင်ပြုလုပ်ခဲ့ရပါတယ်လို့ မီးသတ်ဌာနက Twitter ပေါ်တွင်ရေးသားခဲ့ပါတယ်။

မီးလောင်နေသည့် တိုက်ပေါ်မှ အပျက်အစီးများပြုတ်ကျနိုင်တာကြောင့် ရဲများက ပတ်ဝန်းကျင်ရှိ အဆောက် အဦးများကို ရှင်းလင်းထားရပြီး အသွားအလာများသည့် A40 အဝေးပြေးလမ်းမကြီးကိုလဲ ပိတ်ထားခဲ့ရပါတယ်။ ထို့ပြင် Latimer Road ဘူတာအနီး မီးလောင်နေသော နေရာမှဖြတ်သွားသော လန်ဒန်မြေအောက်ရထား လမ်းကြောင်းကိုလည်းပိတ်ထားခဲ့ရပါတယ်။

နောက်ဆုံးရရှိထားသော သတင်းများအရ အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရပါတယ်။ လူနာ ၇၄ ဦးကို ဆေးရုံ ၆ ခုခွဲပြီး တင်ထားရတယ်လို့ သိရပါတယ်။

Grenfell တာဝါဟာ ၁၉၇၄ ခုနှစ်က ဆောက်လုပ်ခဲ့ဒါဖြစ်ပြီး မကြာသေးသောအချိန်မှာပဲ အပူအာရုံခံစနစ်၊ ရေပူစနစ်တို့အပါအဝင် အကြီးစားပြုပြင်မှုများကို လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ပြုပြင်မှုများ ပြုလုပ်စဉ်က စုပုံ လာသော အမှိုက်များကြောင့် မီးဘေးအန္တာရယ် ရှိနိုင်သည်ဟုလဲ သတိပေးချက်များလဲရှိခဲ့ပါတယ်။

Zawgyi Font : လန္ဒန္ျမိဳ႕ရွိ Grenfell တာ၀ါ မီးေလာင္မႈ ေနာက္ဆက္တြဲသတင္း

ဇြန္လ ၁၄ရက္မွာ လန္္ဒန္ျမိဳ႕ရွိ ၂၇ထပ္ အျမင့္ရွိ Grenfell တာ၀ါၾကီး မီးေလာင္မႈျဖစ္ပြားခဲ့ျပီး မီးသတ္သမားမ်ားဟာ မီးေလာင္ခ်ိန္မွစ၍ ၁၂နာရီေက်ာ္သည့္တိုင္ေအာင္ မီးကို ျငိမ္းသတ္ႏိုင္ျခင္းမရွိေသးဘဲ အေဆာက္အဦထဲမွာ ပိတ္မိေနသူမ်ားအား ကယ္ဆယ္ရန္ၾကိဳးစားခဲ့ေသာ္လည္း အခက္အခဲျဖစ္ခဲ့ေၾကာင္းသိရွိရသည္။ တိုက္ေပၚမွခုန္ခ်သူမ်ားႏွင့္ ျပဳတ္က်လာသူမ်ားလဲရွိေနတယ္လို႔ မ်က္ျမင္သက္ေသေတြကေျပာၾကားခဲ့ပါတယ္။

၂၇ထပ္ျမင့္ျပီး တိုက္ခန္းေပါင္း ၁၂၀ပါ၀င္တဲ့ Grenfell တာ၀ါဟာ ဒုတိယထပ္မွစ၍ထိပ္ဆံုးထပ္ထိ တစ္ေနမွ မက်န္ေအာင္ ေလာင္ကၽြမ္းပ်က္စီးခဲ့ရပါတယ္။ ဒီမီးေလာင္မႈကို မီးသတ္ကား အစီး၄၀ႏွင့္ မီးသတ္သမား ၂၀၀တို႔ ကိုေစလႊတ္ ျပီးမီးျငိမ္းေအာင္ျပဳလုပ္ခဲ့ရပါတယ္လို႔ မီးသတ္ဌာနက Twitter ေပၚတြင္ေရးသားခဲ့ပါတယ္။

မီးေလာင္ေနသည့္ တိုက္ေပၚမွ အပ်က္အစီးမ်ားျပဳတ္က်ႏိုင္တာေၾကာင့္ ရဲမ်ားက ပတ္၀န္းက်င္ရွိ အေဆာက္ အဦးမ်ားကို ရွင္းလင္းထားရျပီး အသြားအလာမ်ားသည့္ A40 အေ၀းေျပးလမ္းမၾကီးကိုလဲ ပိတ္ထားခဲ့ရပါတယ္။ ထို႔ျပင္ Latimer Road ဘူတာအနီး မီးေလာင္ေနေသာ ေနရာမွျဖတ္သြားေသာ လန္ဒန္ေျမေအာက္ရထား လမ္းေၾကာင္းကိုလည္းပိတ္ထားခဲ့ရပါတယ္။

ေနာက္ဆံုးရရွိထားေသာ သတင္းမ်ားအရ အနညး္ဆံုး လူ ၁၂ ဦးေသဆံုးခဲ့ျပီး ၁၈ ဦးကေတာ့ အသက္အႏၱရာယ္စိုးရိမ္ရေၾကာင္း သိရပါတယ္။ လူနာ ၇၄ ဦးကို ေဆးရံု ၆ ခုခြဲျပီး တင္ထားရတယ္လို႕ သိရပါတယ္။

Grenfell တာ၀ါဟာ ၁၉၇၄ ခုႏွစ္က ေဆာက္လုပ္ခဲ့ဒါျဖစ္ျပီး မၾကာေသးေသာအခ်ိန္မွာပဲ အပူအာရံုခံစနစ္၊ ေရပူစနစ္တို႔အပါအ၀င္ အၾကီးစားျပဳျပင္မႈမ်ားကို လုပ္ေဆာင္ခဲ့ပါတယ္။ ထိုသို႔ ျပဳျပင္မႈမ်ား ျပဳလုပ္စဥ္က စုပံု လာေသာ အမိႈက္မ်ားေၾကာင့္ မီးေဘးအႏၱာရယ္ ရွိႏိုင္သည္ဟုလဲ သတိေပးခ်က္မ်ားလဲရွိခဲ့ပါတယ္။

 

Leave a comment

Your email address will not be published.