Hacker တွေ မိမိတို့အသုံးပြုနေတဲ့ Digital Camera တွေကိုအလွယ်တကူ Hack နိုင်

အမေရိကန်ပြည်ထောင်စု၊Nevada ပြည်နယ် Las Vegas မြို့တွင် လုံခြုံရေးနှင့်ဆိုင်သော သုတေသီများစုပေါင်း၍ လုံခြုံ ရေးဆိုင်ရာ အကြောင်းကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲလေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။အဲဒီပွဲမှာ အဓိက ပြော ကြားသွားတာကတော့ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ Digital Camera တွေကို ransomware လို့ခေါ်တဲ့ နည်း ပညာဖြင့် Hack ဖို့ရန်အတွက် ဘယ်လောက်ထိလွယ်ကူကြောင်းကို ပြောပြသွားခဲ့ပါတယ်။

ransomware လုပ်ခံရပြီးဆိုရင် မိမိရဲ့ Camera ထဲမှာ ရှိတဲ့ Files တွေ ဘာတစ်ခုမှ ဖွင့်လို့ရတော့မှာ မဟုတ်ပဲ Hacker မှ ပြန်ပြီး decrypt လုပ်ပေးမှသာ ပြန်လည်ဖွင့်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့် မိမိ Camera တွေရဲ့ လုံခြုံ ရေးကို သတိထားကြဖို့ လိုအပ်ကြောင်းပြောပြသွားခဲ့ပါတယ်။ Software တွေကိုစောင့်ကြည့်တဲ့ နည်းပညာဌာနမှ သု တေသီ Itkin က ထိုသို့ ransomware လုပ်ခံရခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Wifi အသုံး မပြုတဲ့အချိန်မှာ မိမိ Camera မှ Wifi ကို ပိတ်ထားဖို့၊ ထို့နည်းတူ Bluetooth အသုံးမပြုတဲ့အချိန်မှာ Bluetooth ကို ပိတ်ထားဖို့ရန် ပြောပြသွားခဲ့ပါတယ်။

ထို့အပြင် Camera ကုမ္ပဏီက ထုတ်ပေးတဲ့ Software Update ကိုလည်း ဂရုတစိုက် Update လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ မိမိ Camera ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Camera ထဲမှာ သိမ်းထားတာမျိုးမလုပ်ပဲ လုံခြုံစိတ်ချရတဲ့ Computer ဒါမှမဟုတ် Hard Disk မှာ သိမ်းထားခြင်းပဲဖြစ်ပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published. Required fields are marked *