Hackers တွေ ပိုက်ဆံခိုးလွန်းလို့ mobile payment ကို ပိတ်လိုက်တဲ့​ ဂျပန်က 7-Eleven Store

ဒီနေ့ခေတ်မှာ စတိုးဆိုင်တွေမှာ စျေးဝယ်တာကအစ mobile payment တွေကို အသုံးပြုကြပါတယ်။ Mobile Payment ဆိုတာက​ ကိုယ့် bank account ကို ဖုန်းထဲမှာ application တစ်ခုနဲ့ ချိတ်ဆက်ထားပြီး ပိုက်ဆံငွေပေးချေတဲ့အခါ application ကို အသုံးပြုပြီး ပေးချေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ KBZ Pay နဲ့ CB-Pay တို့လို app တွေကို အသုံးပြုပြီး ငွေပေးချေတာမျိုးနဲ့ ငွေလွှဲပြောင်းတာမျိုးတွေ လုပ်ကြပါတယ်။

7-Eleven store က တစ်ကမ္ဘာလုံးအနှံ့မှာ ရပ်ကွက်အလိုက် မြို့နယ်အလိုက် ဖွင့်ထားပြီး ၂၄နာရီ ဝန်ဆောင်မှုရပါတယ်။ အဓိကလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းနဲ့ စားစရာတွေကို ရတဲ့ store ဆိုင်တွေလို့ပြောလည်း မမှားပါဘူး။ 7-Eleven company က ကိုယ်ပိုင် 7Pay app ကို ဂျူလိုင်လ တစ်ရက်မှာ လူတိုင်းအသုံးပြုလို့ရအောင် စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီ feature ကို အသုံးပြုဖို့ လုပ်ရမှာက store ဆိုင်က ပစ္စည်းရဲ့ barcode ကို app အသုံးပြု​ပြီး scan ဖတ်လိုက်တာနဲ့ ကျသင့်ငွေကို ပေးချေရမှာ ဖြစ်ပါတယ်။ ​

မိတ်ဆက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ​ hackers တွေက လူတွေဆီက ပိုက်ဆံတွေခိုးယူကြပါတယ်။ Customers တော်တော်များများက ဝယ်ယူထားခြင်းမရှိတဲ့ ပစ္စည်းတော်တော်များများကို bank က နှုတ်ယူထားကြောင်းကို သတိထားမိလာပါတယ်။ Hackers တွေက customers ဆီက ပိုက်ဆံတွေကို ရယူဖို့ ခက်ခက်ခဲခဲ ကြိုးစားနေစရာမလိုပဲ ဖုန်းနံပါတ်၊ email အချို့ သိတာနဲ့တင် ပိုက်ဆံတွေကို ခိုးယူနိုင်ပါတယ်။ သတင်းတွေအရ hackers တွေ ခိုးယူလိုက်တဲ့ ပိုက်ဆံံံက ဂျပန်ငွေ ၅၅သန်း (ဒေါ်လာ ငါးသိန်း) လောက် ခိုးယူသွားတယ်လို့လည်း သိရပါတယ်။ ဒီအဖြစ်အပျက် ပြီးသွားတဲ့နောက်ပိုင်းမှာ 7-Eleven company က company website မှာ users အသစ်တွေregister လုပ်တာကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် account hack ခံထိပြီး ပိုက်ဆံခိုးယူခံရတဲ့ customers တွေကိုလည်း လျော်ကြေးကိုယ်စီ ပေးသွားမယ်လို့လည်း သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာနကလည်း companies တွေကို စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးတစ်ချို့ စည်းမျဉ်းစည်းကမ်းနဲ့ gudielines တွေကို မလိုက်နာခြင်းဖြစ်တာကြောင့်လို့လည်း သိရပါတယ်။ Company ကလည်း hackers နှစ်ယောက်ကို ဖမ်းဆီးရမိပြီး တရုတ်အမျိုးသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *