Halloween ဖရုံသီးသမိုင်းကြောင်း

Hallowen က Irish လူမျိုးတွေရဲ့ နွေရာသီ ကောက်ရိတ်ချိန်ကုန်ဆုံးလို့ ဆောင်းရာသီသို့အကူးမှာ ကျင်းပတဲ့ Samhain ပွဲတော်ကနေ ဆင်းသက်လာတာပါ။ နတ်တွေရဲ့ဝိညာဉ်တွေက အရိပ်ထဲမှာ ပုန်းနေကြတယ်လို့ ယုံကြည်ကြပြီး လယ်ကွင်းတွေထဲမှာ မီးပုံပွဲအကြီးကြီးတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အဲ့ဒီနတ်တွေ အာရုံပြောင်းစေဖို့အတွက် အိမ်တွေမှာ တရုတ်မုန်လာဥကြီးတွေကို လူရုပ်ပုံထွင်းထုပြီး အတွင်းမှာ ဖယောင်းတိုင်တွေ ထွန်းထားတတ်ကြပါတယ်။ လမ်းတွေပေါ်မှာ သွားလာနေသူတွေကိုပါ နတ်တွေမနှောင့်ယှက်အောင် လမ်းတွေပေါ်မှာပါ အဲ့ဒီအရုပ်တွေကို မီးထွန်းပြီး ချထားလေ့ရှိပါတယ်။

Halloween ပွဲတော်က အမေရိကန်နိုင်ငံကိုတော့ ၁၈၀၀ ပြည့်နှစ်အလယ်ပိုင်းလောက်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ မြောက်အမေရိကမှာ ဖရုံသီးက နယ်ခံအသီးဖြစ်တာကြောင့် Halloween ပွဲတော်အတွက် ဖရုံသီးကို အသုံးပြုလာကြပါတယ်။ ၁၉၂၀ ခုနှစ်ကစပြီး Halloween ပွဲတော်ကို အမေရိကန်နိုင်ငံမှာ ကျင်းပလာကြပါတယ်။ ၁၉၃၀ ပြည့်နှစ်အလယ်ပိုင်းလောက်မှာတော့ Halloween ပွဲတော်တွေနဲ့ ဝတ်စုံတွေ စတင်ပြုလုပ်လာကြပါတယ်။

Halloween ပွဲတော်ကို နေရာအနှံ့အပြားမှာ ကျင်းပလာတာနဲ့အမျှ အမေရိကန်နိုင်ငံရှိ ဖရုံသီးစိုက်သူလယ်သမားတွေက ပွဲတော်မှာ လူရုပ်ထွင်းထုမယ့် ဖရုံသီးတွေကို သီးခြားစိုက်ပျိုးလာကြပါတယ်။ ၁၉၆၀ ခုနှစ်မှာ လယ်သမားကြီး John Howden စီမံစိုက်ပျိုးခဲ့တဲ့ Howden ဖရုံသီးကတော့ Halloween ပွဲတော်အတွက် ယနေ့ချိန်ထိလူကြိုက်အများဆုံးဖြစ်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *