Hamas သူပုန်တွေက ဂါဇာကို ဒုံးကျည်နဲ့ ပစ်ခဲ့တဲ့အတွက် အစ္စရေးက သည်းခံတော့မည်မဟုတ်ဟုဆို

ပါလက်စတိုင်းအပိုင် အစ္စရေးနယ်စပ်ရှိ ဂါဇာမြို့ဟာ Hamas လို့ခေါ်တဲ့ ပါလက်စတိုင်းသူပုန်တွေ အခြေချနေခဲ့တာ နှစ် အတော်ကြာခဲ့ပါပြီး၊ Hamas နဲ့ အစ္စရေးတို့ကြားမှာလည်း တိုက်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ် လ ၂၄ရက်နေ့ တနင်္ဂနွေနေ့ ညတွင်Hamas တွေက ဂါဇာမြို့ထဲကို ဒုံးကျည်အလုံး ၂၀ ကို ပစ်လွှတ်ခဲ့တာ ဖြစ် ပါတယ်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးဟာ ဒီလုပ်ရပ် အပေါ်လုံးဝ သည်းခံနေမှာ မဟုတ်ကြောင်းနဲ့ ဒီကိစ္စကို Hamas တွေအနေနဲ့ တာဝန်ပြန်ယူရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနချုပ်က ၎င်းပစ်ခတ်မှုကြောင့် အစ္စရေးပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ကြောင်း ပြောကြားရင်း Hamas တွေရဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စတင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း စစ်ကြေငြာ ခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်ကလည်း ၎င်းပစ်ခတ်မှုဟာ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တစ်ခုဖြစ်ကြောင်း အပြစ်တင်ခဲ့ပြီး အစ္စရေးရဲ့ ပြန်လည်တုန့်ပြန်မှုကို လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ Hamas ဘက်မှ အမည်မသိသူတစ်ဦး က လည်း သူတို့ ဂရုမစိုက်ဘူးလို့ ပြန်လည်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးကာကွယ်ရေးဌာနရဲ့ ပြောပြချက်အရ Hamas တွေ ဂါဇာမြို့ထဲကို ဒုံးကျည်ပစ်လွှတ်ခဲ့စဉ်က အစ္စရေးဒုံးကာ လက်နက်များက ပြန်လည်ခုခံခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုနည်းခဲ့တာဖြစ်ကြောင်း ကျသွားတဲ့ ဒုံးကျည်တွေ အများ အပြားဟာလည်း လယ်ကွင်းထဲကို ကျသွားတာဖြစ်ကြောင်းသိရပါတယ်။ သို့သော် တစ်လုံးတည်းသော ဒုံးကျည်ဟာ ဂါဇာ ရှိ လူနေအိမ်ပေါ်ကို ကျသွားခဲ့တာဖြစ်ပါတယ်။အစ္စရေးကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောပြချက်အရ အတော်အသင့်ဒဏ် ရာရ ရှိသွားတဲ့ အမျိုးသမီး ၂ဦးနဲ့ အသေးအဖွဲ့ ဒဏ်ရာရရှိသူ ၅ဦး စုစုပေါင်း ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.