အိမ်ဖြူတော်မှာ သတင်းသမားတွေ ထားဖို့မလို ကြောင်းပြောလိုက်တဲ့ Fox News သတင်းဌာနမှ ဟစ်နတီ

Fox News သတင်းဌာနရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဟစ်နတီ ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့် ကို မီဒီယာအားအနေနဲ့ ထောက်ပံ့ကူညီခဲ့သူ ဖြစ်ပြီး ယခုချိန်မှာတော့ အိမ်ဖြူတော်မှာ သတင်းသမားတွေ ထားဖို့မလိုကြောင်း ပြီးခဲ့တဲ့ တင်္နလာနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဟစ်နတီ ဟာ ဟယ်လာရီ ကလင်တန် မဲရှုံးနိမ့်မှုနဲ့ ပတ်သတ်ပြီး သတင်းဌာနတွေရဲ့ ရှုံ့ချ မှုကို ရင်ဆိုင်နေရတဲ့သူ လည်းဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်အတွက် မီဒီယာအားဖြင့် ဟစ်နတီ ဟာ အစွမ်းကုန်အားပေးထောက်ခံမှုတွေ ပြုလုပ်ခဲ့ပြီး ထရမ့် သမ္မတဖြစ်သည့်နေ့ အိမ်ဖြူ တော်မှာ သတင်းသမားတွေကို ထားဖို့မလိုကြောင်း၊ ဒါ့အပြင် အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တွေကို တွစ်တာ (Twitter) အသုံးပြု ၍ ပြောကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ ထရမ့် အိမ်ဖြူတော် ရောက် တဲ့နေ့မှ စောင့်ကြည့်ရပါလိမ့်မယ်။ အချို့ကတော့ ထရမ့်ဟာ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်မှုဌာန မထားရင် သူ ဟာ တစ်ကယ့်ကို သတင်းဌာနဟာ အရေးကြီးတာကို မသိတဲ့သူ ဖြစ်လိမ့်မယ် လို့လဲ ပြောဆိုနေကြပါတယ်။ တွစ်တာ ( Twitter) ကဘဲ အမြဲ ထုတ်ပြန်မယ်ဆိုရင် အမြဲတမ်း အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ကျနော်တို့အားလုံး စောင့်ကြည့်ရပါလိမ့်မယ်။

Leave a comment

Your email address will not be published.