Harley Davidson ရဲ့ LiveWire _ electric motorcycle

Harley Davidson ကို လူကြီးရော ကလေးရော တော်တော်များများသိကြပါတယ်။ Harley Davidson ရဲ့ဆိုင်ကယ်တော်တော်များများကိုလည်း မြင်တာနဲ့ တန်းသိနိုင်ပါတယ်။ Electronic ခေတ်မှာ ဖုန်း၊ laptop တွေအပြင် ကားတွေကိုပါ electronic အဖြစ်ပြောင်းလဲလာတာ အားလုံးသိကြပါတယ်။ Harley Davidson ရဲ့ electronic စွမ်းအင်သုံးဆိုင်ကယ် livewire concept ကို ၂၀၁၈ အကုန်လောက်က မိတ်ဆက်ခဲ့ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ မြောက်အမေရိကတိုက်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ရရှိသွားမယ်လို့လည်း သိရပါတယ်။

 

ပထမဦးဆုံးအနေနဲ့ charging အပိုင်းကို ပြောရမယ်ဆိုရင်တော့ နှစ်မျိုးလာပါတယ်။ ပထမတစ်မျိုးက​ normal charging ဖြစ်ပြီး အိမ်က အားသွင်းပေါက်နဲ့ သွင်းမယ်ဆိုရင်တော့​ တစ်ညစာသွင်းရမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုးက fast charging ဖြစ်ပြီး နီးစပ်ရာ charging station မှာ အားသွင်းနိုင်ပါတယ်။ Fast charging နဲ့ အားသွင်းမယ်ဆိုရင်တော့ မိနစ်လေးဆယ်ကို ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး တစ်နာရီအားသွင်းရုံနဲ့ 100% ရရှိမှာဖြစ်ပါတယ်။ ၁၀၀% အားသွင်းထားမယ်ဆိုရင်တော့ မိုင်ပေါင်း ၁၄၆ မိုင်ကို သွားနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၃၀၀၀၀ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး အပိုပစ္စည်းတွေအတွက်တော့ ကျသင့်သလောက် ထပ်ပေးရမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်ရဲ့ဒိုင်ခွက် မျက်နှာပြင်က Digital Screen နဲ့ဖြစ်ပြီး ဖုန်းအားသွင်းထားတဲ့အချိန်မှာ ဖုန်းကတစ်ဆင့် ကြည့်နိုင်ပါတယ်။ ဆိုင်ကယ် mode အနေနဲ့ကတော့ လေးဆင့်ပါဝင်ပြီး sprot, road, range နဲ့ rain ဆိုပြီးဖြစ်ပါတယ်။ Sport mode ကို ထားရင်တော့ အမြန်ဆုံး speed ကို သွားမှာဖြစ်ပြီး ကျန်တဲ့ mode တွေကတော့ ခရီးဝေးဝေးတွေအတွက် ထားထားတဲ့ mode တွေဖြစ်ပါတယ်။ Livewire ရဲ့ top speed ကတော့  0 to 60MPH ကို ၃စက္ကန့်အတွင်း မောင်းနှင်နိုင်တယ်လို့လည်း company က တရားဝင် website မှာ ရေးသားထားပါတယ်။ ဒါ့အပြင် 0 to 60 in 3 seconds challenge လုပ်နိုင်မယ်ဆိုရင်လည်း livewire ကို ရရှိဖို့ အခွင့်အရေးလည်းရှိပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *