ဟားဗက်တက္ကသိုလ်ကြီးရဲ့ အနာဂတ်ကျောင်းအုပ်ကြီးက ဘယ်သူဖြစ်မလဲ

လက်ရှိ ဟားဗတ်တက္ကသိုလ်ကြီးရဲ့ ပထမဦးဆုံးသော အမျိုးသမီးကျောင်းအုပ်ကြီးဖြစ်တဲ့ ဒရူးဖော့စ် က မိမိထက် ဂုဏ်ကြီးသည့် ပုဂ္ဂိုလ်တစ်ဦးကို နေရာပေးရန်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် အမေရိကန်နိုင်ငံ သမ္မတဟောင်း အိုဘားမားနှင့် ဟားဗတ်စီးပွားရေးကျောင်းမှ ဌာနမှူး နီတင်နောရီးယား တို့(၂)ဦး အနက် တစ်ဦးဦးက ဟားဗက်တက္ကသိုလ်ကျောင်းအုပ်ဖြစ်လိမ့်မည်ဟု AOL News ၏ သတင်းအရ သိရှိရသည်။

သမ္မတဟောင်း အိုဘားမားဟာ ဟားဗတ်တက္ကသိုလ်တွင် ၁၉၉၁ခုနှစ်က ဥပဒေတန်းကို တက်ခဲ့သူဖြစ်ပြီး Harvard Law Review မဂ္ဂဇင်းတွင်လည်း ပထမဦးဆုံးသော အာဖရိကန်-အမေရိကန်တစ်ဦး အနေအဖြင့် အယ်ဒီတာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း The Boston Globe တွင်ရေးသားထားချက်အရ သိရပါတယ်။ ထို့ပြင် ချီကာဂိုတက္ကသိုလ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘာသာရပ်ကို ၁၀နှစ်ကျော် သင်ကြားပို့ချခဲ့ သဖြင့် ဆရာအတွေ့အကြုံရှိသူတစ်ဦးလဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အိုဘားမားဟာ အိမ်ဖြူတော် နေ့ရက်များ နှင့် ပတ်သက်သော မှတ်တမ်းစာအုပ်ကို ပြုစုနေပါတယ်။

ဟားဗတ် တက္ကသိုလ်ရဲ့အစဉ်အလာအရတော့ မိမိကျောင်းထွက် ကျောင်းသားများကိုပဲ ကျောင်းအုပ်နေရာ ပေးလေ့ရှိသောကြောင့် အိုဘားမားဟာ ကျောင်းအုပ်ဖြစ်လာမှာဖြစ်တယ်လို့ လူထုတွေက တစ်ခဲနက်ယုံကြည် နေကြပါတယ်။

Zawgyi Font : ဟားဗက္တကၠသိုလ္ၾကီးရဲ႕ အနာဂတ္ေက်ာင္းအုပ္ၾကီးက ဘယ္သူျဖစ္မလဲ

လက္ရွိ ဟားဗတ္တကၠသိုလ္ၾကီးရဲ႕ ပထမဦးဆံုးေသာ အမ်ိဳးသမီးေက်ာင္းအုပ္ၾကီးျဖစ္တဲ့ ဒရူးေဖာ့စ္ က မိမိထက္ ဂုဏ္ၾကီးသည့္ ပုဂၢိဳလ္တစ္ဦးကို ေနရာေပးရန္ဆံုးျဖတ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ထို႕ေၾကာင့္ အေမရိကန္ႏိုင္ငံ သမၼတေဟာင္း အိုဘားမားႏွင့္ ဟားဗတ္စီးပြားေရးေက်ာင္းမွ ဌာနမွဴး နီတင္ေနာရီးယား တို႔(၂)ဦး အနက္ တစ္ဦးဦးက ဟားဗက္တကၠသိုလ္ေက်ာင္းအုပ္ျဖစ္လိမ့္မည္ဟု AOL News ၏ သတင္းအရ သိရွိရသည္။

သမၼတေဟာင္း အိုဘားမားဟာ ဟားဗတ္တကၠသိုလ္တြင္ ၁၉၉၁ခုႏွစ္က ဥပေဒတန္းကို တက္ခဲ့သူျဖစ္ျပီး Harvard Law Review မဂၢဇင္းတြင္လည္း ပထမဦးဆံုးေသာ အာဖရိကန္-အေမရိကန္တစ္ဦး အေနအျဖင့္ အယ္ဒီတာ တာ၀န္ ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း The Boston Globe တြင္ေရးသားထားခ်က္အရ သိရပါတယ္။ ထို႔ျပင္ ခ်ီကာဂိုတကၠသိုလ္တြင္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒ ဘာသာရပ္ကို ၁၀ႏွစ္ေက်ာ္ သင္ၾကားပို႔ခ်ခဲ့ သျဖင့္ ဆရာအေတြ႕အၾကံဳရွိသူတစ္ဦးလဲျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာေတာ့ အိုဘားမားဟာ အိမ္ျဖဴေတာ္ ေန႔ရက္မ်ား ႏွင့္ ပတ္သက္ေသာ မွတ္တမ္းစာအုပ္ကို ျပဳစုေနပါတယ္။

ဟားဗတ္ တကၠသိုလ္ရဲ႕အစဥ္အလာအရေတာ့ မိမိေက်ာင္းထြက္ ေက်ာင္းသားမ်ားကိုပဲ ေက်ာင္းအုပ္ေနရာ ေပးေလ့ရွိေသာေၾကာင့္ အိုဘားမားဟာ ေက်ာင္းအုပ္ျဖစ္လာမွာျဖစ္တယ္လို႔ လူထုေတြက တစ္ခဲနက္ယံုၾကည္ ေနၾကပါတယ္။

 

Leave a comment

Your email address will not be published. Required fields are marked *