ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ လာရောက်စားသောက်ခွင့်မရှိတဲ့ ကော်ဖီဆိုင်

ဒီ သတင်းကတော့ အတော့်ကို ရယ်စရာပါ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် ဟာ လက်ရှိမှာ ရွေးကောက်ခံသမ္မတဖြစ်လာပြီး ဇန်နဝါရီ (၇) ရက်နေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ တရားဝင်သမ္မတအနေနဲ့ အုပ်ချုပ်စီမံတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ကို ထောက်ခံသူရှိသလို မထောက်ခံတဲ့သူကလည်း အများကြီးပါဘဲ။ ဒါ့အပြင် ကလင်တန် ထောက်ခံသူနဲ့ ထရမ့် ထောက်ခံသူတို့ အချင်းချင်း အပြင်မှာ ရန်ပွဲတွေ တောင် ဖြစ်ခဲ့ပါသေးတယ်။ အခုတော့ အမေရိကန်မှာရှိတဲ့ Hawaii အမည်ရှိတဲ့ ကော်ဖီဆိုင်မှာကတော့ ထရမ့် ထောက်ခံသူတွေကို ဆိုင်မှာ ဝယ်ယူစားသောက်ခွင့်မပြုပါဘူး။ ဆိုင်အပြင်ဘက် မှာ ရှိတဲ့ မှန်တံခါးတွေနဲ့ နံရံတွေမှာ စာကပ်ထားတာဖြစ်ပါတယ်။

အချို့ကတော့ Hawaii ဆိုင်ဟာ အစားအသောက်ကောင်းတယ်လို့ပြောကြပေမယ့် ထရမ့် ထောက်ခံသူတွေကတော့ ” ဒီဆိုင်ဟာ ဘယ်လိုမှ အရသာမရှိတဲ့ဆိုင်မဟုတ်ပါဘူး။ ဆိုင်ရှင်အနေနဲ့လည်း စိုးရမ်စရာမလိုပါဘူး၊ ဆိုင်ကို ခြေတစ်လှမ်းတောင် လှမ်းမှာလဲ မဟုတ်ပါဘူး ” လို့ Fox News ရဲ့ Facebook Page မှာ မှတ်ချက်အနေနဲ့ ရေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အမေရိကန်မှာ နိုင်ငံရေးအားပြိုင်မှုတွေ ဘယ်လိုလာမလဲဆိုတာကို တော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Source : Fox News

Leave a comment

Your email address will not be published. Required fields are marked *