Hezbollah က အစ္စရေးရဲ့ အခြေစိုက်စခန်းထဲသို့ အမြောက်များပစ်ခတ်ကာ စတင်တိုက်ခိုက်

စက်တင်ဘာလ (၁)ရက် တနင်္ဂနွေနေ့တွင် Hezbollah ဘက်မှ Lebanese ရှိ Shia Muslim စစ်သွေးကြွအုပ်စုက အစ္စရေး၏ မြောက်ဘက်ရှိ စစ်စခန်းထဲသို့ တင့်ကားများဖြင့်အမြောက်များပစ်ခက်ခဲ့ပါတယ်။ Hezbollah ထုတ်ပြန်ချက် အရတော့ အစ္စရေးစစ်တပ်ဘက်မှာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသော်လည်း အစ္စရေးစစ်တပ် ဘက်က ထုတ်ပြန်ချက်အရတော့ စစ်စခန်းတစ်ခုနှင့် လူနာတင်ယာဉ်တစ်စီးသာ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှ မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

Hezbollah ၏ ပြောပြချက်အရ ထိုနေ့အစောပိုင်းတွင် အစ္စရေးစစ်တပ်က နယ်စပ်တစ်လျှောက်ကို မီးလောင် စေ နိုင်တဲ့ ပစ္စည်းများကို Drone များဖြင့်ပစ်ချကာ နယ်စပ်တစ်လျှောက်ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ Hezbollah နဲ့ အစ္စရေးတို့ရဲ့ နယ်စပ်တွင် စစ်ရေးတင်းမာမှုဟာ ပိုမိုတိုးပွားလာနေပါတယ်။ အစ္စရေးကလည်း ယခု တိုက်ခိုက်မှုအပြီးမှာပဲ နယ်စပ်သို့ စစ်တပ်အင်အားထပ်တိုးထားတယ်လို့ သိရပါတယ်။

သို့တို့နှစ်ဦးရဲ့ စစ်ရေးတင်းမာမှုဟာ နှစ်နဲ့ ချီနေပြီးဖြစ်သော်လည်း ပိုမိုတင်းမာလာရခြင်းကတော့ လွန်ခဲ့တဲ့ တစ်ပတ်က အစ္စရေးဘက်မှ Beirut ရှိ Hezbollah ၏ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံကို Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်း ကြောင့်ပဲဖြစ်ပါတယ်။ အစ္စရေးကတော့ ယခုအချိန်အထိ ထိုကိစ္စကိုဝန်မခံသေးတဲ့အတွက် ယခုလိုအခြေ အနေတွေ တင်းမာလာတာဖြစ်ပါတယ်။ Hezbollah ဘက်ကအခုလို စတင်ပစ်ခက်လိုက်တာဟာ တရားဝင်စစ်ကြေငြာ လိုက်ခြင်း ပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *