HIV ရောဂါကိုပျောက်ကင်းအောင် အမှန်တကယ်ကုသနိုင်ပြီလား

လန်ဒန်မြို့မှ အမည်မဖော်လိုသူ ဝေဒနာရှင် တစ်ဦးဟာ ၂၀၀၃ ခုနှစ်ကတည်းက HIV ရောဂါစွဲကပ်ခံခဲ့ရပါတယ်။ ထိုသူကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကထွက်ရှိခဲ့တဲ့ CCR5 လို့ခေါ်တဲ့ HIV ကာကွယ်ဆေးကို တိုက်ကျွေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆေးဟာ HIV ရောဂါကို တိုးပွားမလာအောင် ထိန်းထားပေးနိုင်တဲ့ အစွမ်းပဲရှိပါတယ်။

ယခုမှာတော့ University College London, Imperial College London, Cambridge and Oxford Universities မှ သိပ္ပံပညာရှင်များပူးပေါင်းပြီး stem cells အစားထိုးကုထုံးကို လန်ဒန်မြို့ရှိ ဝေဒနာရှင်ကို စမ်းသပ်ခဲ့ရာမှာအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ဝေဒနာရှင်ရဲ့ stem cells ထဲကို HIV ပိုး မဝင်ရောက်နိုင်တဲ့ ကိုယ်ခံအားရှိသူရဲ့ stem cells ကို ထည့်သွင်းပြီး စမ်းသပ်ခဲ့ပါတယ်။ကမ္ဘာပေါ်ရှိ HIV ရောဂါခံစားနေရသူတွေအတွက် ဝမ်းသာရမယ့် အချိန်ကိုရောက်လာခဲ့ပါပြီး။ အဆိုပါကုထုံးကို သေချာအောင် စမ်းသပ်မှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *