ကျူးကျော်စမတ်ကဒ်များ ကျပ်သိန်းနှစ်ဆယ်ကျော်ခန့်ထိဈေးပေါက်

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းအတွက် မြို့စွန်များရှိ ကျူးကျော်နေထိုင်သူများ၏စာရင်းကောက်ယူမှုပြု ထားပြီး ကျူးကျော်နေထိုင်သူများအား သက်သေခံအဖြစ် စမတ်ကဒ်ထုတ်ပေးထားသည်။ စမတ်ကဒ်ကိုင်ဆောင်ထားသော ကျူးကျော်များအား နေထိုင်ရန် အိမ်ရာများချထားမည်ဖြစ်သောကြောင့် လက်ရှိတွင် ကျူးကျော်စမတ်ကဒ်များကို ဝယ်ယူသူလိုများ ပေါ်ပေါက်နေသည်။ လက်ရှိတွင် ကျူးကျော်စမတ်ကဒ်များမှာ သိန်း ၂၀ ကျော်ခန့်ထိ ဈေးပေါက်နေပြီး အမှန်တစ်ကယ်တွင် ကျူးကျော်စမတ်ကဒ်များမှာ ပြန်လည်ရောင်းချခြင်း ပြုလုပ်ခွင့်မရှိပါ။

အစိုးရမှ ကျူးကျော်များအား အိမ်ယာချပေးသည့်အခါတွင် ကျူးကျော်စမတ်ကဒ်အမည်ပေါက်ပိုင်ဆိုင်သူမှ တရားဝင်ထုတ်ယူခွင့်ရှိမှာ ဖြစ်တယ်လို့ စမတ်ကဒ်ထုတ်ပေးသူများက ပြောကြားထားပါတယ်။ ကဒ်များကို တစ်ဆင့်ပြန်လည် ရောင်းချခြင်းပါက သက်ဆိုင်ရာမြို့နယ်အဆင့်/ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးရုံးများ၏ ညွှန်ကြားချက် အတိုင်း အရေးယူမည်ဟု သိရှိရသည်။

ပြည်သူများအနေနှင့် ကျူးကျော်စမတ်ကဒ်များအား ဝယ်ယူနေသူကို တွေ့ရှိပါက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ကို အချိန်မရွေးတိုင်ကြားနိုင်ကြောင်း သိရသည်။

Leave a comment

Your email address will not be published.