Honda က အမေရိကန်ရှိ SUVsကားအစီးရေ ၁၁၈၀၀၀ ကို စစ်ဆေးရန်အတွက် ပြန်လည်ခေါ်ယူ

အမေရိကန်ရှိ Honda ကုမ္ပဏီက ၎င်းတို့ရဲ့ SUVs ကား ၁၁၈၀၀၀စီးကို စစ်ဆေးမှုများပြုလုပ်ရန်အတွက် မေလ ၂၂ရက် ဗုဒ္ဓဟူးနေ့က ပြန်လည်ခေါ်ယူခဲ့တယ်လို့သိရှိရပါတယ်။ အကြောင်းရင်းကတော့ ၎င်းကားများဟာ မောင်းနေ ရင်းနဲ့ ထိခိုက်မှုတစ်စုံတရာမရှိပဲ အလိုအလျှောက် လေအိတ်ပွင့်ခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့ဖြစ်ခြင်းကို အသုံးပြုသူ များက တိုင်ကြားတာ ၃ကြိမ်မြောက်ဖြစ်သွားတဲ့အတွက် Honda ကုမ္ပဏီကပြန်လည်စစ်ဆေးဖို့အတွက် ခေါ်ယူခဲ့တာဖြစ် ပါတယ်။

ဂျပန်အခြေစိုက် ကားထုတ်လုပ်သူများ၏ပြောပြချက်အရ ပြန်လည်ခေါ်ယူခဲ့တဲ့ကားများဟာ Honda ရဲ့ ၂၀၁၉ခုနှစ်ထုတ် CR-Vကားများ ဖြစ်ကြောင်းသိရှိရပါတယ်။ ဂျပန်ကားထုတ်လုပ်သူများက ၎င်းကားများရဲ့ လက်ကိုင်မှာ ပြဿနာ တစ် ခုခုရှိနေတဲ့အတွက် အခုလိုဖြစ်တာဖြစ်နိုင်ကြောင်း ၎င်းကားများရဲ့ လက်ကိုင်ကိုပြန်လည်စစ်ဆေးရမည့်အပြင် အခြား သော လျှပ်စစ်ပတ်လမ်းများကိုလည်း စစ်ဆေးရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Honda ကုမ္ပဏီ၏ပြောပြချက်အရ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ချွတ်ယွင်းချက်ရှိလို့ပြန်လည် ခေါ်ယူစစ်ဆေးခဲ့ရတဲ့ ကားအစီးရေဟာ ၂၁သန်းအထိရှိပြီးဖြစ်ကြောင်းသိရှိရပါတယ်။ ထိုပြင် US မှပြန်လည်ခေါ်ယူခဲ့တဲ့ကားတွေထဲမှာ အစီးရေ ၁၉၀၀၀ ဟာ ဂျပန်ရှိ Takata ကားဖြန့်ဖြူးရေးကုမ္ပဏီမှ ၂၀၁၈ခုနှစ် မေလတုန်းက တရားမဝင်တင်သွင်း ထားသော ကားတွေဖြစ်ကြောင်း Honda ကုမ္ပဏီ၏ပြောပြချက်အရသိရှိရပါတယ်။

Source : CNBC News

Leave a comment

Your email address will not be published. Required fields are marked *