Hong Kong ဆန္ဒပြပွဲ အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲ

ဟောင်ကောင်ရဲ့ အုပ်ချုပ်သူMsLam ဟာ ဇွန်လ၁၀ရက် တနင်္လာနေ့တုန်းက တရားစီရင်ရေးနှင့် ပတ်သက်တဲ့ ဥပဒေ မူကြမ်းတစ်ခုကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ၎င်း ဥပဒေမူကြမ်းတွင် ပါဝင်တဲ့အချက်တွေအရ လူသတ်မှု၊ မုဒိန်းမှု အစ ရှိတဲ့ ပစ်မှုကျူးလွန်သူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးဖို့ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ ဟောင်ကောင် ပြည် သူများဟာ တရုတ်ပြည်မကြီးရဲ့လွမ်းမိုးမှု ခံရမှာကိုမလိုလားကြပါဘူး။ လက်ရှိမှာ ဟောင်ကောင်ဟာ တရုတ် ပြည်မှ ခွဲထွက်သွားခဲ့ပြီးလို့ ကြေညာခဲ့သော်လည်း တစ်နိုင်ငံစနစ်နှစ်နှစ်မျိုးနဲ့ တရုတ်ပြည်မကြီးရဲ့ လွမ်းမိုးမှုကို ခံနေရ ဆဲဖြစ်ပါ တယ်။ ၎င်းဥပဒေကြောင့် ဟောင်ကောင်ဟာ တရုတ်ပြည်ရဲ့ လုပ်ပိုင်ခွင့်အောက်သို့ လုံးလုံးလျားလျား ကျရောက်သွား မှာကို ဟောင်ကောင် ပြည်သူတွေက အလွန်စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဥပဒေမူကြမ်းကို အတည်ပြုပြီး နောက်နေ့အင်္ဂါနေ့တွင် ပြည်သူများဟာ ဥပဒေပြုကောင်စီရုံးအရှေ့တွင် စုဝေးပြီးဆန္ဒပြခဲ့ ကြပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အခြေအနေကပိုဆိုးသွားခဲ့ပါတယ်။ ဆန္ဒပြသူများဟာ ဟောင်ကောင်ရှိ အဓိကလမ်း မကြီးဖြစ်တဲ့ Harcourt နှင့် Lung Wo လမ်းမကြီးတို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူများဖြင့် ပြည့်ကြပ်သွား ခဲ့ပါတယ်။ ထို အချိန်တွင် ၅၀၀၀လောက်ရှိတဲ့ ရဲတွေကလည်း ဥပဒေပြုကောင်စီရုံးရဲ့ ပတ်ပတ်လည်မှာ နေရာယူထား ကြပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့ ညရောက်တဲ့အခါမှာ ရဲတွေကလူစုခွဲရန်အတွက် မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်း အရည်များကို အသုံးပြုခဲ့ပါတယ်။ ထို့ကြောင့် ဆန္ဒပြသူများကလည်း အုတ်ခဲများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အခြေအနေ တင်းမာပြီး ရဲများ က ရောဘာကျည်သေနတ်များဖြင့် ပြန်ပစ်ရတဲ့အခြေအနေအထိဖြစ်သွားခဲ့ရပါတယ်။ ဟောင်ကောင်မှာ ပြည်သူများကို ရောဘာကျည်ဖြင့် ပြစ်ခတ်တာဟာ ပထမဦးဆုံးပဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားခဲ့တဲ့ အခင်းဖြစ်မှုဟာ ဆန္ဒပြမှုကနေ အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ အရေးအခင်းကြောင့် အနည်းဆုံး ပြည်သူ၇၉ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ၂ဦးကတော့ ဆိုးဝါးတဲ့ဒဏ်ရာများ ရ ရှိခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ပြည်သူများဟာ ယခုအချိန်အထိ ဥပဒေပြု ကောင်စီရုံးပတ်ပတ်လည်မှာ နေရာယူထားဆဲဖြစ်သလို ရဲများဟာလည်း ဟောင်ကောင် တစ်မြို့လုံးမှာ အသင့်အနေ အ ထားဖြင့် စောင့်နေကြပါတယ်။ အခုလို ဟောင်ကောင်ရဲ့ အုပ်ချုပ်သူနဲ့ ပြည်သူတွေကြားက ပြဿနာဟာ ဘယ်လောက် အ တိုင်းအတာအထိ တင်းမာမှုတွေဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.