Hong Kong မှာဖြစ်တဲ့ အဓိကရုဏ်းက တရုတ်ပြည်မှာ ဘယ်လိုမြင်ရလဲ။

ဟောင်ကောင်မှာ လက်ရှိ အဓိကရုဏ်း​ဖြစ်နေတဲ့ ပြဿနာကို google မှာ Hong kong လို့ရိုက်ရှာလိုက်တာနဲ့ ဗီဒီရိုတွေ သတင်းတွေ တန်းတွေ့ရမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Google မှာ Hong Kong လို့ရိုက်လိုက်တာနဲ့ တန်းမြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ပြည်မကြီးမှာတော့ ဟောင်ကောင်က အဓိကရုဏ်းသတင်းတွေကို တစ်ခုမှ မြင်ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်အစိုးရက အင်တာနက်ကို အုပ်စိုးထားလို့ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း တရုတ်ပြည်မှာ Google, Instagram နဲ့ Facebook တွေကို သုံးလို့မရပါဘူး။ Google search engine အစားတရုတ်မှာ baidu နဲ့ အခြား ပြည်တွင်းဖြစ် search engine တွေကိုသုံးရပါတယ်။ အင်တာနက်လွတ်လပ်ခွင့်ကို တရုတ်အစိုးရက ပိတ်ပင်ထားပါတယ်။ ဒီထက်ပိုဆိုးတာက အခုလက်ရှိ Hong Kong မှာ ဖြစ်နေတဲ့ အဓိကရုဏ်း ဓါတ်ပုံတွေကို wechat လိုနေရာမျိုးမှာ ပို့ရင်တောင် censor ဖြတ်ခံထိပါတယ်။ ဒါ့အပြင် democratic ဆိုတဲ့ စကားလုံမျိုးတွေကို တရုတ်ပြည်မကြီးမှာ သုံးခွင့်မရှိပါဘူး။ သတင်းဖြစ်ဖြစ် article ဖြစ်ဖြစ် ဓါတ်ပုံတွေမှာ Hong Kong က အဓိကရုဏ်းနဲ့ ပတ်သတ်တဲ့ပုံတွေကိုလည်း အစိုးရက ban ထားပါတယ်။

၂၀၁၄ ခုနှစ်က Hong Kong မှာ ဖြစ်တဲ့အဓိကရုဏ်းကပုံတွေကို တရုတ်ပြည်မှာ ပြည်သူတွေ ချက်ချင်းမြင်နိုင်ခဲ့ပြီး သတင်းတွေ အချိန်တိုအတွင်း ပျံ့နှံ့သွားပါတယ်။ အဲ့အချိန်က​ Instagram , Telegram တွေကို အသုံးပြုနိုင်တဲ့ အချိန်ဖြစ်ပြီး သတင်းပျံ့ဖို့က မြန်ဆန်ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရက internet တစ်ခွင်ကို အပြည့်အ၀ထိန်းချုပ်လိုက်ပြီး အစိုးရနဲ့ ပတ်သတ်တဲ့သတင်းမှန်သမျှကို censor ဖြတ်တောက်လိုက်ပါတယ်။ မည်သို့ပင်ဖြစ်ပါစေ တရုတ်နိုင်ငံက လက်ရှိစီးပွားရေးကောင်းတဲ့ နိုင်ငံမှာ ထိပ်ဆုံးဖြစ်ပြီး အင်တာနက် လွတ်လပ်ခွင့်ကို အခုထိမရသေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *