Hormuz ရေလက်ကြားတွင် ရေနံတင်သင်္ဘော(၂)စီး ဗုံးခွဲတိုက်ခိုက်ခြင်းခံရ

ဇွန်လ၁၃ရက် ကြာသပတေးနေ့က Hormuzရေလက်ကြားတွင် ဂျပန်အပိုင်KokukaCourageousရေနံတင် သင်္ဘော နှင့် နော်ဝေးအပိုင်FrontAltairရေနံတင်သင်္ဘောတို့ဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဗုံးခွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရပါ တယ်။ အမေရိကန်ရဲ့ USSBainbridge ကယ်ဆယ်ရေးသင်္ဘောကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ ကြောင်းသိရှိရပြီး တိုက်ခိုက်မှုရဲ့တရားခံကိုတော့ အီရန်တွေဖြစ်ကြောင်း အမေရိကန်က အပြစ်တင် ပြောဆိုနေပါတယ်။

KokukaCourageousသင်္ဘောမှာ လုပ်သား၂၁ဦးလိုက်ပါလာပြီးFrontAltair သင်္ဘောပေါ်မှာတော့ လုပ်သား ၂၃ ဦး လိုက်ပါလာတယ်လို့သိရှိရပါတယ်။Hormuz ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်သင်္ဘောတွေ အဓိက သွား လာနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယခုတိုက်ခိုက်မှုနဲ့ပါဆိုရင် ယခုနှစ်အတွင်းHormuzရေလက်ကြားမှာ ရေနံင်္ဘော တွေတိုက်ခိုက်ခံရမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်သွားပြီးဖြစ်ပါတယ်။ ထို့ကြောင့် ရေနံစျေးတွေဟာ ၄% အထိ ခုန်တက် သွားခဲ့ရပြီးဖြစ်ပါတယ်။

ပထမတိုက်ခိုက်မှုကတည်းက အမေရိကန်က အီရန်တွေရဲ့ လက်ချက်ဖြစ်ကြောင်း ပြောခဲ့သော်လည်း အီရန်တွေက အ ထောက်အထားမရှိပဲပြောဆိုခြင်းဖြစ်တဲ့အတွက်ငြင်းဆိုခဲ့ပါတယ်။ ယခုအကြိမ်မှာလည်း အီရန်တွေလုပ်တာ ဖြစ်ကြောင်း အမေရိကန်ပြောသော်လည်း အီရန်တွေက သူတို့နဲ့ မသက်ဆိုင်ကြောင်း ၎င်းဗုံးခွဲမှုနဲ့ ပတ်သက်မှု လုံး၀မရှိကြောင်း ပြောခဲ့သဖြင့် အမေရိကန်ရေတပ်က ဗုံးခွဲမှုဖြစ်စဉ်အတွင်း အီရန်ရဲ့လှေများဟာ ရေနံတင်သင်္ဘောတွေ အနားမှာ ရှိ ခဲ့ပြီး ဗုံးကွဲပြီးနောက်မှာ တြိဂံပုံဗုံးတွေကို သင်္ဘော၏ကိုယ်ထည်ပေါ်မှ ယူဆောင်သွားသည့်Videoတွေကိုပြန်လည် ပြ သခဲ့ပါတယ်။

မျက်မြင်သက်သေများ၏ပြောပြချက်အရ အီရန်လှေများမှာ အထောက်အထား၊ အမှတ်အသား၊ အလံများ တစ်ခုမှ မရှိသည့်အပြင် လှေပေါ်မှာပါလာတဲ့ လူများဟာလည်း အပြင်အဝတ်အစားတွေကို ဝတ်ဆင်ထားတယ်လို့ သိရှိ ရပါ တယ်။ အကယ်၍၎င်းလှေပေါ်ကလူများဟာ အီရန်ရဲ့ လူတွေသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အမေရိကန်နဲ့ အီရန်တို့ရဲ့ အကြားစစ်ရေးတင်းမာမှုဟာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားမှာ အသေအချာပဲဖြစ်ပါတယ်။ အမေရိကန် ကလည်း အီရန်တွေလုပ်တာဖြစ်ကြောင်းကို သေသက်ပြဖို့အတွက် ကြိုးစားသွားမှာဖြစ်တဲ့အတွက် အမေရိကန်နဲ့ အီရန် တို့အကြား စစ်ရေးတင်းမာမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်သွားမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *