ဒေါသထွက်တာကို ဘယ်လိုထိန်းချုပ်မလဲ

ဒေါသထွက်တာက ကျန်းမာရေးအတွက်လည်း မကောင်းသလို ရုပ်ကိုလည်း အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် ဒေါသထွက်လာရင် အောက်ပါအဆင့်သုံးဆင့်ကို သုံးပြီးထိန်းချုပ်သင့်ပါတယ်။

၁။ ဒေါသထွက်တော့မယ်ဆိုရင် သတိပေး လက္ခဏာတွေကို သိနားလည်ပါ။ သွေးခုန်နှုန်း မြန်တာ၊ မျက်နှာကြောတင်းတာနဲ့ တုန်ယင်တာတွေက ဒေါသထွက်တော့မဲ့ အရိပ်အယောင်တွေပါ။

၂။ ဒေါသထွက်ချင်တဲ့ စိတ်ကို ထိန်းပါ။ အလွယ်ကူဆုံး လုပ်သင့်တဲ့ နည်းလမ်းတွေက ဒီအခြေအနေကနေ ရှောင်လွှဲပြီး  အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ဖို့ ပဲဖြစ်ပါတယ်။

၃။ ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်တာ၊ အိပ်တာနဲ့ အပန်းဖြေအနားယူတာတွေက စိတ်ကို တည်ငြိမ် အေးချမ်းမှုရရှိစေပြီး တော်ရုံနဲ့ ဒေါသထွက်မလွယ်ပါဘူး

Leave a comment

Your email address will not be published. Required fields are marked *