ကြက်သားနဲ့ မျှစ်နု ချက်စားကြမယ်

ဒီတစ်ပတ် ဖော်ပြဖို့ ဟင်းချက်ကောင်းတဲ့ နိုနျာအမျိုးသမီးတွေရဲ့ ဟင်းလျာတစ်မျိုးကို ရွေးချယ်ထားပါတယ်ရှင့်။ ကမ္ဘာအနှံ့နှံ့က ဟင်းလျာအမျိုးမျိုးကို လက်တွေ့စမ်းသပ်ချက်ပြုတ် မြည်းစမ်းရင်း ဆန်းသစ်မြန်မာစာဖတ်ပရိသတ်ကြီးတို့ ပျော်ရွှင်ကြပါစေရှင့်။

ပါဝင်ပစ္စည်း

-ကြက်သွန်နီဥသေး ၁ဝလုံး
-ကြက်သွန်ဖြူ ၅ မွှာ
-ကြက်သား ၄ဝကျပ်သား
-မျှစ်နုနု ၁၅ကျပ်သား
-ရေ ၂၅၀ မီလီလီတာ
-ပဲငါးပိ ထမင်းစားဇွန်း ၁ဇွန်း
-ပဲဆီ ထမင်းစားဇွန်း ၂ဇွန်း
-ပဲငန်ပြာရည် အပျစ် ထမင်းစားဇွန်း ၂ဇွန်း
-ငရုတ်ကောင်းမှုန့် ထမင်းစားဇွန်း တစ်ဝက်ခန့်
-သကြား ထမင်းစားဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ကြက်သားနဲ့ မျှစ်တို့ကို အတော်အတုံးလေးများ တုံးထားပါ။ ကြက်သားမှ မြင်ရသမျှအဆီများကို ဖယ်ပစ်ပါ။

၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ပဲငါးပိတို့ကို ညက်အောင် ရောထောင်းပြီး မွှေးလာတဲ့အထိ ဆီသတ်ပါ။

၃။ မွှေးလာရင် ကြက်သား၊ မျှစ်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းနှင့် သကြားတို့ကို ထည့်၍ မွှေပါ။

၄။ ရေထည့်ကာ ဖုံးအုပ်ပြီး ချက်ပါ။ အနှစ်ရည် ပျစ်လာလျှင် သုံးဆောင်နိုင်ပါပြီး။

မျှစ်ရှောင်လိုသူတွေအနေနဲ့ မျှစ်အစား အာလူးကို အသုံးပြုနိုင်ပါတယ်။

Leave a comment

Your email address will not be published.